မြန်မာငွေ ငါးထောင်ဝန်းကျင် (အမေရိကန် ဒေါ်လာ 3.66 ဒေါ်လာ) သာ ကျသင့်တဲ့ ကမ္ဘာ့ဈေးအချိုဆုံး Smart Phone ကို အိန္ဒိယနိုင်ငံမှာ စတင် ရောင်းချနေပြီ ဖြစ်ပါတယ် ။ ဈေးချိုပေမယ့် စွမ်းဆောင်ရည်ကောင်းတဲ့ အပြင် “3G” လည်း ရပါတယ် ။ အိန္ဒိယအခြေစိုက် Ringing Bells အမည်ရှိသော ကုမ္မဏီက ရောင်းချခဲ့တာပါ ။
.
မြန်မာငွေ ငါးထောင်သာသာပဲ ပေးရတဲ့ စမတ်ဖုန်းတစ်လုံးမှာ အောက်ပါ စွမ်းဆောင်ရည်တွေ ရတယ်ဆိုတာ မယုံနိုင်စရာပါပဲ ။
.
* 4-inch (960x540 IPS display)
* 1.3 GHZ quad-core processor
* 1GB RAM
* 8GB internal Stroage ( 32 GB ထိတိုးနိုင်သည်)၊
* 3.2 megapixel back camera၊
* 0.3 megapixel front camera
* Android 5.1 OS
* 1450 mAh battery
(Wi-Fi, Bluetooth, GPS တို့ အစုံအလင် ပါဝင်တယ် လို့ ဆိုပါတယ် ။)
.
ခြုံကြည့်လို်က်ရင် ပေးရတဲ့ပိုက်ဆံ နဲ့ စပယ်ရှယ် ထိုက်တန်တယ် လို့ပဲ ဆိုရမှာပါ ။ အဲဒီလောက်တောင် ထူးထူးခြားခြား ဈေးချိုပြီး စွမ်းဆောင်ရည်လည်း ကောင်းတဲ့ စမတ်ဖုန်းရဲ့ အမည်ကို “Freedom 251” လို့ ခေါ်ပြီး အိန္ဒိယထုတ် စမတ်ဖုန်းတစ်ခု ဖြစ်ပါတယ် ။
.
အိန္ဒိယသည် မကြာခင်ကမှ အမေရိကန်ကို ကျော်ဖြတ်ပြီး တရုတ်၏နောက် ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက် ဖြစ်လာခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံမှာ ဈေးချိုတဲ့ ဈေးကွက်ကို ပစ်မှတ်ထားတဲ့ တရုတ်ဖုန်းကုမ္ဗဏီတွေ နဲ့ အိန္ဒိယပြည်တွင်း ဖုန်းကုမ္ဗဏီတွေရဲ့ ယှဉ်ပြိုင်မှုဟာ အလွန် ပြင်းထန်ပါတယ် ။ အခုတိုင်းဆိုရင် တရုတ်ဖုန်းကုမ္ဗဏီတွေ မျက်ခုံးလှုပ်နေလောက်ပါပြီ ။
.
မြန်မာနိုင်ငံဈေးကွက်ကိုသာ ၀င်လာခဲ့ရင်တော့ လူတွေ အတော်လေး စိတ်ဝင်စားကြမယ် ထင်ပါတယ် ။
.
.
မျိုးနေနှိုင်း
@ Mobile Age (တောင်ကြီး)







1 comments:
ဘယ်မှာဝယ်လိုရလဲသိချင်လို
Post a Comment