ဖုန်းကို စက္ကန့် ၃၀ နှင့် အားဖြည့်နိုင်မည့် ဘက်ထရီထွက်လာ


ဖုန်းများ၌သုံးစွဲသည့် ဘက် ထရီနည်းပညာသစ်ကို Tel Aviv ၌ ပြုလုပ်သော နည်းပညာကွန်ဖ ရင့်တွင် ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ နည်းပညာသုံးစွဲထား သည့် ဘက်ထရီမှာ အားဖြည့်ရန် စက္ကန့် ၃၀ သာ ကြာမြင့်သည်။

အဆိုပါ ဘက်ထရီကို အား ကုန်နေသည့် Samsung S4 စမတ်ဖုန်း၌ တပ်ဆင်အသုံးပြု သည့်အခါ၌ အားပြန်လည်ဖြည့် ရန်အတွက် ၂၆ စက္ကန့်သာ ကြာ မြင့်ခဲ့သည်။

အဆိုပါ ဘက်ထရီမှာ စမ်း သပ်အဆင့်သာရှိသေးပြီး သုံးနှစ် အတွင်းဖြန့်ချိသွားဖွယ်ရှိသည်။

Store Dot တည်ထောင်သူ Dr Doron Myersdorf က ဘက် ထရီထုတ်လုပ်မှုလောက၌ နည်း ပညာအသစ်ကို မိတ်ဆက်နိုင်ခဲ့ ပြီးဖြစ်ကြောင်းနှင့် အဆိုပါ နည်း ပညာမှာ ရူပဗေဒအသစ်၊ ဓာတု ဗေဒအသစ်နှင့် Device များအ တွက် ချဉ်းကပ်မှုအသစ်ဖြစ် ကြောင်းဆိုသည်။

Dr Mysesdorf က ယခု ထွက်ပေါ်လာမည့် ဘက်ထရီမှာ လက်ရှိဈေးကွက်ထဲရှိ ဘက်ထရီ များထက် ၃၀ မှ ၄၀ ရာခိုင်နှုန်းအ ထိ ဈေးပိုများနိုင်မည်ဟု ပြော သည်။

—Ref: BBC

7Day Daily





0 comments:

Post a Comment