(၁၀-၄-၂၀၁၄) ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြ၀တီမှ
ကော့ကရိတ်သို့ ခရီးသည်များ တင်ဆောင်လာသော အိုအေစစ် မှန်လုံ ခရီးသည်ယာဉ်သည်
တရုပ်ဖြူတောင်နှင့် အလယ်ဗိုလ်တဲကြား နေရာ အရောက်တွင်
ဘရိတ်ပေါက်ပြီး ပေ(၁၀၀)ခန့်ရှိသော တဖက်ချောက်ထဲသို့ ထိုးဆင်း
တိမ်းမှောက်သွားကြောင်း သတင်းရရှိပါသည်။
ကားထဲတွင် တဖက်နိုင်ငံတွင် အလုပ်လုပ်ပြီး သင်္ကြန်ပြန် ခရီးသည်(၄၅) ဦးပါရှိသည်။ ကားမှာ ခရီးသည်များနှင့်အတူ ချောက်ထဲ လိမ့်ဆင်းပြီး မှန်လုံးကားအတွင်း ခရီးသည်အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)သေဆုံး၍ ၄၀ဦးဒါဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
ကားတိမ်းမှောက်မှု အခင်းဖြစ်ပွားရာ နေရာသို့ မြ၀တီမြို့စေတနာ နာရေး လူမှုကူညီရေး အသင်းမှ နာယက ဒေါက်တာကိုကိုအောင်နှင့် ဥက္ကဌ ဦးလှထွန်း တို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် အရေးပေါ် သင်တန်း တက်ရောက်နေသော သင်တန်းသားများ ၊ မြ၀တီမီးသတ်စခန်းမှ ကိုအောင်စိုးနှင့် အဖွဲ့ဝင်များ မှ ချောက်ထဲကို ခက်ခက်ခဲခဲကြိုးနဲ့ဆင်းပြီး ကားအတွင်း အနောက်ဘက် နေရာမှ ညှပ်နေတဲ့သူ(၄)ဦးတို့ ကို ဆွဲတင်နိုင်ခဲ့ပါသည်။
အဆိုပါ ကားတိုက်မှုမှ သေဆုံးဒဏ်ရာရသူများကို မြ၀တီ စေတနာ အသင်းကြီးနှင့်အတူ ကော့ကရိတ်ခရိုင်မှ တာဝန်ရှိသူများ၊ မြ၀တီမီးသတ်စခန်းမှ တာဝန်ရှိသူများ၊ ငြိမ်ချမ်းနာရေး ကူညီမှုအသင်း(ရွေကုက္ကို)၊ မဲတော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင် မှာ သင်တန်းသားများက ကူညီဆောင်ရွက် ပေးနေကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - မြ၀တီမြို့စေတနာ နာရေး ကူညီမှု အသင်း
THIT HTOO LWIN

0 comments:
Post a Comment