မလေးရှား ဌာနပေါင်းစုံပါဝင်တဲ့ ရှောင်တခင် ၀င်ရောက်ဖမ်းဆီးမှု တရားမ၀င်တဲ့ နိုင်ငံခြားသား မြန်မာ ၇၇ ဦးအပါအဝင် ၄၃၆ ဦးကို ထိမ်းသိမ်းထား

 
ဌာနပေါင်းစုံပါဝင်တဲ့ ရှောင်တခင် ၀င်ရောက်ဖမ်းဆီးမှု တရားမ၀င်တဲ့ နိုင်ငံခြားသား
၄၃၆ ဦးကို ထိမ်းသိမ်းထားပြီ အဖမ်းခံရတဲ့ထဲမှာ မြန်မာနိုင်ငံသား ၇၇ ဦး ပါဝင်

အီပို့ ပါရက် ပြည်နယ်တွင် တရားမ၀င်နိုင်ငံခြားသား ပပျောက်ရေးစီမံချက်ဖြင့် ဖမ်းဆီးမှု စစ်ဆင်ရေး ပြုလုပ်ခဲ့ရာတွင် တရားမ၀င်တဲ့ နိုင်ငံခြားသား ၄၃၆ ဦး နှင့် အလုပ်ရှင် ၁၂ ဦး ပါ ဖမ်းဆီးထိမ်းသိမ်းခံရသည် ဟု ခဲ့တဲ့ ဧပြီ ၄ ရက်နေ့က The Sun သတင်းစာ စာမျက်နှာတွင် ဖော်ပြထားသည်။

တရားမ၀င်နိုင်ငံခြားသား ဖမ်းဆီးရာတွင် အင်ဒိုနီးရှား ၁၃၂ ယောက်၊ မြန်မာ ၇၇ ယောက်၊ ထိုင်း ၇၃ယောက်၊ ဘင်္ဂလာဒေ့ရှ် ၅၅ ယောက် ၊ အိန္ဒိယ ၃၅ ယောက်၊ ကမ္ဘောဒီးယား ၃၁ ယောက်၊ ပါကစ္စတန် ၂၄ ယောက်၊ နီပေါ ၇ ယောက် နှင့် ဗီယက်နမ် ၂ ယောက် ပါဝင် ဖမ်းဆီးမှုကို ပါဝင်ခဲ့သည့် ပါရက် ပြည်နယ် လူငယ် အားကစားကော်မီတီ နှင့် ဥက္ကဌ Datuk Shahrul Zaman Yahya တို့က ပြောပြခဲ့သည်။
 

 
 
အစိုးရ ဌာနပေါင်းစုံ ပါဝင်သည့် အထူးရဲတပ်ဖွဲ့၊ လ၀က၊ ရဲလာနှင့် နိုင်ငံရေးပါတီ တို့က ဖမ်းဆီးမှုပြုလုပ်ရာတွင် ပါဝင်ကူညီခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ စပြီ စက်ရုံ အလုပ်ရုံ အများ ပြည်သူ နေထိုင်တဲ့ နေရာ တွေမှာမကျန် တရားမ၀င်နိုင်ငံခြားသားများကို ၀င်ရောက် ဖမ်းဆီးထိမ်းသိမ်းထားနိုင်ခဲ့ပြီ တရားမ၀င်နိုင်ငံခြားသား ၂၂၇၈ ဦးကို လ၀က ထိမ်းသိမ်းစခန်းမှာ ရှိနေကြခဲ့သည်ဟု လ၀က အရာရှိ Shahrul Zaman က ပြောဆိုသည်။


 
တရားမ၀င်နိုင်ငံခြားသားများကို ထိမ်းသိမ်းထားတဲ့ ကုန်ကျစရိတ်မှာ တယောက်ကို တစ်ရက်လျှင် မလေး(ရင်းဂစ် ၃၁)အား နိုင်ငံတော်မှ ကျခံနေသည်ကို အတိုက်ခံပါတီများက အပြစ်တင် ဝေဖန် ထောက်ပြ ပြောဆိုနေခဲ့ကြပြီ ပြည်ထဲရေးဝန်ကြီကိုလည် အတိုက်အခံပါတီများက မေးခွန်းထုတ်ထားခဲ့သည်။ 
 
Bernama

  သူရိယ 
 


0 comments:

Post a Comment