ဖိလစ်ပိုင်မှာ ပဲရစ်ဟင်လ်တန် အပန်းဖြေ အိမ်ရာ တည်ဆောက်


Post By Aung Ko Htet 
 ဖိလစ်ပိုင် နိုင်ငံဟာ အာရှမှာ အိမ် ခြံ မြေ ဈေးကွက် အရှိန် အဟုန်နဲ့ တိုးတက် မြင့်မား လာနေပြီး ထူခြားချက်က နိုင်ငံခြားသား လုပ်ငန်းရှင်များကို အိမ် ခြံ မြေ ဈေးကွက် ဝင်ရောက် လုပ်ကိုင်မှု ကို အများကြီး ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး နီးပါးက လုပ်ငန်းရှင်တွေ ဖိလစ်ပိုင်ကို ဦးတည် လို့ အိမ်ခြံမြေ စီးပွားရေး လုပ်ကိုင် နေပါတယ်။ ယင်းထဲမှာ ပါဝင်လာသူ ကတော့ ပဲရစ်ဟင်လ်တန်ပဲ ဖြစ်ပါတယ်။ အမေရိကန်က နာမည်ကြီး မော်ဒယ် မင်းသမီး ဖြစ်တဲ့ ဟင်လ်တန်ဟာ ဖိလစ်ပိုင်မှာ Azure Urban Resorts လို့ အမည်ရတဲ့ အိမ်ရာကို တည်ဆောက်ပြီး မြို့ငယ်လေး သဖွယ် ပြုလုပ်မှာ ဖြစ်ါတယ်။ ငွေကြေး ဘယ်လောက် ကုန်တယ်လို့တော့ မဖော်ပြထားတာပါဘူး။ 
www.house.com.mm ရဲ့ သတင်း ကဏ္ဍမှာ ဖော်ပြထားတာ တွေ့ရလို့ ဖြစ်ပါတယ်။ ငွေကြေး ကုန်ကျမှု အင်မတန် များပြား မှုကို ခန့်မှန်း ကြည့်နိုင် ပါတယ်။ မြန်မာပြည်မှာလည်း အိမ်ရာ စီမံကိန်း တွေ အများကြီး ပါပဲ။ သို့ပေမယ့် အများစုက ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ဖန်တီးတာ ဖြစ်ပါတယ်။ ထူခြားချက်က ရန်ကုန် တစ်ခုတည်းတင် မဟုတ်တော့ပဲ မန္တလေးမှာပါ သိသိ သာသာ တိုးတက် လာခြင်း ဖြစ်ပါတယ်။ ရေမြေ အနေအထား အရ မန္တလေးဟာ ရန်ကုန် ပြီးရင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒုတိယ ရှိလာမယ် ဆိုတာကို http://en.wikipedia.org/wiki/Mandalay မှာ မန္တလေး အကြောင်းကို ဝင်ဖတ်ကြည့်ရုံနဲ့ ခန့်မှန်း နိုင်ပါတယ်။ ဒီတော့ FDI တွေနဲ့ ပက်သက်လို့ အိမ်ခြံမြေ ဈေးကွက် နည်းဥပဒေ အပြောင်းအလဲသာ ရှိရင် မြန်မာပြည်မှာလည်း ဖိလစ်ပိုင်ထက် ပိုမို စီးပွား ဖြစ်ထွန်းမှာ ဖြစ်ကြောင်း ခန့်မှန်း ထားကြ ပါသေးတယ်။ 
 

0 comments:

Post a Comment