သင်္ကြန်ကာလအတွင်း မန္တလေးမှ ထွက်ခွာမည့် ရထားလမ်းပိုင်းအချို့ ရပ်နားမည်



မဟာ သင်္ကြန်ကာလ အတွင်း မန္တလေး ဘူတာကြီးမှ ထွက်ခွာမည့် ရထား လမ်းပိုင်း တချို့ကို သင်္ကြန်အကျနေ့မှ အတက်နေ့ (ဧပြီ ၁၄ ရက်မှ ၁၆ရက်) အထိ ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း မန္တလေး ဘူတာကြီးရထား လက်မှတ်အရောင်းဌာန၌ ထုတ်ပြန် ကြေညာထားသည်။

မန္တလေးမှ ရန်ကုန်သို့ ညနေ ၃ နာရီတွင် ထွက်ခွာသော အမှတ်(၆) အစုန်အမြန်ရထားကိုလည်းကောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ပြေးဆွဲနေပြီး နံနက် ၄ နာရီခွဲတွင် ထွက်ခွာသည့် အမှတ် ၃၇ အဆန်နှင့်အမှတ် ၃၈အစုန်ရထားများကိုလည်းကောင်း၊ မန္တလေးမှ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာသည့် အမှတ် ၃၃ အဆန်နှင့်မြစ်ကြီးနားမှ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ နာရီတွင် ထွက်ခွာသည့် အမှတ် ၃၄ အစုန် ရထားများကိုလည်းကောင်း၊ မန္တလေးမှ ညနေ ၄ နာရီ မိနစ် ၂၀ တွင် ထွက်ခွာသည့် အမှတ် ၅၇ အဆန် နှင့်မြစ်ကြီးနားမှ ညနေ ၃ နာရီတွင် ထွက်ခွာသည့် အမှတ် ၅၈ အစုန် ရထားများနှင့် မန္တလေးနှင့်မုံရွာ လမ်းပိုင်းတွင် ပြေးဆွဲနေပြီး မန္တလေးမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာသည့် အမှတ် ၁၂၃ အဆန်နှင့် မုံရွာမှ နံနက်၆နာရီတွင် ထွက်ခွာသည့် အမှတ် ၁၂၄ အစုန်အမြန်ရထား ပြေးဆွဲမှုတို့အား ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

 
MOI Webportal Myanmar
 
 

0 comments:

Post a Comment