စကော့တလန်မှာ ကျောင်းလာတက်နေတဲ့ ဂျပန်လူငယ်လေးတစ်ယောက် ညတစ်ညမှာ တစ်ယောက်တည်း မြေအောက်လူသွားဥမင်လှိုဏ်ထဲက ဖြတ်အလျှောက်၊
ဂျစ်ပစီလူငယ်အဖွဲ့တစ်ဖွဲ့က သူ့နောက်က လိုက်လာပါတယ်။
ဂျပန်လူငယ်လေးကို ဝိုင်းလိုက်ပြီး ပါလာသမျှ ပိုက်ဆံတွေထုတ်ပေးဖို့ ပြောပါတယ်။
မဟုတ်မခံတတ်တဲ့ ဂျပန်လေးက ပြန်လည်ခုခံဖို့ ကြိုးစားတဲ့အခါ အင်အားတောင့်တဲ့ ဂျစ်ပစီအုပ်က ဝိုင်းသမလိုက်တာကြောင့် ကောင်လေးခမျာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။
ကောင်လေးဆီက ပိုက်ဆံတွေယူဖို့ လုပ်နေတဲ့အချိန်မှာ ဥမင်ထဲကို
နောက်ထပ်လူတစ်ယောက် ထပ်လျှောက်လာပါတယ်။
သူကတော့ ဒီဇာတ်ကားတစ်ခုလုံးရဲ့ ဒုတိယအသက်ဖြစ်တဲ့ မိန်းမချောလေး Carole Robertson ပါပဲ။ မျက်မြင်တစ်ယောက် ရောက်လာပြီဖြစ်တဲ့အတွက် ဂျစ်ပစီအုပ်လည်း ထွက်ပြေးသွားပါပြီ။ ဂျပန်လေးကတော့ မွေးရပ်မြေနဲ့ဝေးရာမှာ အသက်မဲ့သွားရှာပါပြီ။
နောက်တစ်နေ့မှာ ဒီလူသတ်မှုဟာ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ စာလုံးကြီးတွေနဲ့ ပါလာပါပြီ။ "ဂျပန်ကျောင်းသားလေးတစ်ယောက် ဒဏ်ရာတွေဗရပွနဲ့ ဥမင်ထဲတွင် သေဆုံးလျက်တွေ့ရှိ" ဆိုပြီး အကျယ်တဝင့်ရေးလိုက်ကြတာ တစ်မြို့လုံးက ဒီကိစ္စကို အထူးစိတ်ဝင်စားလာကြပါတယ်။
အဲဒီအတွက် ရဲတပ်ဖွဲ့လည်း ခေါင်းစားနေရပါပြီ။
ဒီအမှုကို ဖြေရှင်းဖို့ တာဝန်ပေးခံလိုက်ရတဲ့သူက ခုနက မိန်းမချောလေးရဲ့ ခင်ပွန်း Bruce Robertson ပါ။ သူကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ အသက်ပါပဲ။
သူဟာ သူ့မိန်းမနဲ့ ကွဲနေတာဖြစ်ပြီး တစ်ဦးတည်းသော သမီးလေးဖြစ်သူကလည်း အမေနဲ့လိုက်နေနေတာကြောင့် အထီးကျန်ဆန်ကာ ကယောင်ခြောက်ခြားတွေဖြစ်နေသူပါ။
ဒီအမှုကို ပေါ်အောင်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။
ဒါမှသာ ရာထူးတက်မှာပါ။ ရာထူးတက်မှ သူ့မိန်းမက သူ့ကို ပြန်ပေါင်းမှာပါ။
အမှုကို ပေါ်အောင်ကြိုးစားရင်း သူနဲ့ဒီအမှုနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ.......
Filth ဟာ ကြည့်ရှုသူအပေါင်း အထူးနှစ်ခြိုက်ကြတဲ့ ဇာတ်ကားဖြစ်သလို ဝေဖန်ရေးဆရာတွေက လက်ဖျားတစ်ခါခါ ချီးကျူးရတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်အိမ်တည်ထားတာက အဓိကဇာတ်ကောင် Bruce Robertson တစ်ယောက်တည်းကိုပါ။
သူ့ကိုသာ target ထားပြီး ဇာတ်ကားတစ်ကားလုံးကို ပုံဖော်သွားပါတယ်။
တစ်ကားလုံးက ဇာတ်ကောင်တွေအားလုံးကို
သူတစ်ယောက်တည်းရဲ့ အမြင်နဲ့သာ ကျွန်တော်တို့ကို တင်ပြသွားပါတယ်။
ဒီလိုပြုလုပ်လိုက်ခြင်းဟာ Bruce Robertson နဲ့ ကျွန်တော်တို့ကို ပိုရင်းနှီးသွားစေပါတယ်။ ဒီဇာတ်ကောင်ဟာ မကောင်းတာမှန်သမျှအကုန်လုပ်တဲ့အတွက် ဇာတ်ကားနာမည် Filth လို့ပေးထားတာဟာ သိပ်တော့ မထူးဆန်းတော့ပါဘူး။
ဇာတ်ကားဟာ Filth ကိုသာ target ထားတဲ့အတွက်
ကျွန်တော်တို့ဟာ ကြည့်ရင်းကြည့်ရင်း Filth နေရာက ခံစားမိလာပါတယ်။
သူ့ရဲ့ ဒေါသ၊ သူ့ရဲ့ မနာလိုမှု မစ္ဆိရိယ၊ သူ့ရဲ့မာန်မာနတွေထဲမှာ ကျွန်တော်တို့တွေ မျောပါသွားပါတယ်။ ဒါဟာ ဒါရိုက်တာရဲ့ တမင်လုပ်ကြံဖန်တီးမှုဖြစ်ပြီး ဇာတ်သိမ်းမှာ အချိုးအကွေ့ဖြစ်တဲ့အခါ ကျွန်တော်တို့တွေအတွက် ပိုပြီးတော့ ရင်နင့်အောင် ခံစားမိစေပါတယ်။
ကျွန်တော်က သူငယ်ချင်းတွေကို စပါတယ်။
ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် Bruce Robertson အဖြစ်
စိတ်လှုပ်ရှားတဲ့အခါမှာ ချွေးတွေထွက်လာပြီး မျက်လုံးကြီးပြူးလာအောင် သရုပ်ဆောင်တတ်တဲ့ သူ့ရဲ့အိုက်တင်ဟာ ဒီဇာတ်ကားနဲ့ ပိုလိုက်ဖက်လို့တောင် နေပါတယ်။
ကလေးများရှေ့မှာ မကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်လို့ တင်ကြိုသတိပေးလိုက်ပါရစေ။ ဇာတ်ကားတော်တော်များများမှာ မင်းသားဇာတ်ကောင်တွေဟာ
ပရိသတ်အကြိုက် အချော၊ အလှ၊ ပညာတော်၊ ဥစ္စာပေါတွေ ဖြစ်ပေမယ့်
ဒီဇာတ်ကားမှာတော့ အဓိက သရုပ်ဆောင် Burce ဟာ Filth ဆိုတဲ့ဘွဲ့ပေးရလောက်အောင်
ရှုပ်ပွေ လိမ်ကောက် အကျင့်ယုတ်တဲ့ ဇာတ်ကောင်ဖြစ်ပြီး စိတ္တဇဝေဒနာသည်တစ်ယောက်ပါ။
Member တွေ ကြည့်ရင်းနဲ့ မင်းသားကို ရွံမုန်းလာပါလိမ့်မယ်။
တစ်ခုမေ့သွားတယ်။
ဒီဇာတ်ကားဟာ Comdey , Crime Drama ဇာတ်ကားဖြစ်တဲ့အတွက် ရယ်လည်းရယ်ရပါသေးတယ်။
ကြည့်ရန် Movie Locos ကိုနှိပ်ပါ။
720p ဒေါင်းရန် Movie Locos ကိုနှိပ်ပါ။
1080p ဒေါင်းရန် Movie Locos ကိုနှိပ်ပါ။
ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။







2 comments:
အစ်ကိုရေ အဲ့လို မျိုး မဒေါင်းပဲ ကြည့်ချင်တာ MOvie Locos မှာပဲ ဇက်ကားတွေ ရှာကြည့်လို့ရသလား
megashare.info အဲဒီဝက်ဘ်ဆိုဒ်မှာ ရှာကြည့်လို့ရပါတယ်ခင်ဗျာ။
Post a Comment