ပထမဆုံး လေပေါ် တကယ်ပြန်တဲ့ တစ်ကိုယ်ရေသုံး စကိတ် ရောင်းချတော့မည်

ပထမဆုံး လေပေါ် တကယ်ပြန်တဲ့ တစ်ကိုယ်ရေသုံး စကိတ် ရောင်းချတော့မည်

 
ပထမဆုံး လေပေါ် တကယ်ပြန်တဲ့ တစ်ကိုယ်ရေသုံး စကိတ် (Hoverboard) ကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ Arcaboard လို့ အမည်ပေးထားပါတယ်။ ဈေးနှုန်းအားဖြင့် ကတော့ အမေရိကန်ဒေါ်လာ ၁၄၉၀၀ ဝန်းကျင် ရှိပါတယ်။

 
ဧပြီလဆန်းမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ တစ်နာရီ ၈ မိုင်နှုန်းဝန်းကျင် သွားတာကြောင့် သာမန်လမ်းလျှောက်တာထက်တော့ နှစ်ဆမက မြန်ပါလိမ့်မယ်။ အားနည်းချက်ကတော့ အားအပြည့်သွင်းထားတဲ့ ဘက်ထရီက ၆ မိနစ်စာပဲ အသုံးပြုလို့ရမှာပါ။ နောက်ထပ် ဘက်ထရီတစ်လုံးကို အပိုဆောင်သွားပြီး သွားရင် လမ်းမှာ ခပ်မြန်မြန် ဘက်ထရီလဲရင် စုစုပေါင်း ၁၂ မိနစ်စာ သွားနိုင်မှာ ဖြစ်ပါတယ်။ မြေပြင်အထက် ၁ ပေဟာ အမြင့်ဆုံး ပြန်သန်းခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့ ပန်ကာပေါင်း ၃၆ ခုကို အပြားအောက်မှာ တပ်ဆင်ထားပါတယ်။ ပန်ကာက လည်ပြီးတော့ လူကို အပေါ်ပေါ်စေခြင်း ဖြစ်ပါတယ်။
 
ဒီတော့ အသံက အနည်းငယ်တော့ ဆူညံပါလိမ့်မယ်။ အသေးစား မီးစက် တစ်လုံးရဲ့ အသံထက်တော့ သေးကြောင်း ဆိုပါတယ်။ ဆိုင်ကယ်တစ်စီး အသံထက်လည်း အနည်းငယ် နိမ့်ပါသေးတယ်။ သူ့ကို မောင်းမယ်ဆိုရင် အပေါ်ကနေ ကိုယ်ဟန်ချက်ကို အမျိုးမျိုး ပြောင်းရွှေ့ ပြုလုပ်ရုံသာ ဖြစ်ပါတယ်။ မြေပြင်ပေါ် သွားတဲ့ hoverboard စီးရတဲ့အခါ ထိန်းချုပ်တဲ့ ထိန်းချုပ်မှုနဲ့ သိပ်မကွာ ပါဘူး။
.
Ref: engadget
Credit  Myanmar Mobile App 
ဆွေသဟာ(Mobile Sales&Service)
 

0 comments:

Post a Comment