LG G5 ဖုန်းကာဗာကိုလည်း Touch အဖြစ် အသုံးပြုနိုင်မည်

LG G5 ဖုန်းကာဗာကိုလည်း Touch အဖြစ် အသုံးပြုနိုင်မည်

LG G5 မှာ ထူးခြားတဲ့ Feature အဖြစ် ဖန်သားပြင်ဟာ အမြဲတမ်း လင်းနေမှာ ဖြစ်သလို နောက်ထပ် Feature ကတော့ ဖုန်းကာဗာကနေ Quick Access ပြုလုပ်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
 
ဥပမာ ဖုန်းမြည်တဲ့အခါမျိုးကျရင် ဖြေဖို့အတွက် ဖုန်းကာဗာ ဖွင့်စရာမလိုပဲ ပုံမှန် ဖုန်းဖြေကြားရန် ပွတ်တဲ့ နေရာမှာမှာ Swipe ပေးရုံပဲ ဖြစ်ပါတယ်။ အပေါ်က ပြတင်းပေါက် သေးသေး နေရာကနေလည်း swipe လုပ်ပေးစရာ မလိုပါဘူး။ ဖုန်းကို metalic body နဲ့ ပြုလုပ်မှာ ဖြစ်တာကြောင့် ယခု ထုတ်ခဲ့တဲ့ LG G စီးရီး များ ထက် ဒီဇိုင်းဟာ သိသိသာသာ ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဖုန်း ကာဗာကိုပါ တစ်ခါတည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး သူ့ရဲ့ ဖုန်း ကာဗာ နည်းပညာ ဟာလည်း ကမ္ဘာ့ ပထမဆုံး ဖြစ်ကြောင်း ထုတ်ဖော် ကြေညာ ပါတယ်။
 
LG G5 ကို ပြသရန် ရက်က သိပ် မလိုတော့ပါဘူး။ သူ့မှာ အခြား ဘယ်လို ထူးခြားတဲ့ Feature တွေ ပါမလဲဆိုတာကို စောင့်မျော်လျက် ရှိကြ ပါတယ်။
.
Ref: engadget
Credit  Myanmar Mobile App
ဆွေသဟာ(Mobile Sales&Service)
 

0 comments:

Post a Comment