၂၀၂၀ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထက် ဖုန်းကိုပိုင်ဆိုင်သူ ပိုမိုများပြား လာမည်ဟုဆို

ကမ္ဘာတစ်ဝန်းရှိ ၅.၄ ဘီလီယံ လူဦးရေသည် ၂၀၂၀ ခုနှစ်တွင် ဖုန်းတစ်လုံးစီ ပိုင်ဆိုင် လာမည်ဖြစ်ကြောင်း Cisco ၏ မိုဘိုင်းသုံးစွဲမှု အရေအတွက် နှစ်စဉ်အစီရင် ခံစာအရ သိရသည်။ ၎င်းအစီရင်ခံစာတွင် လျှပ်စစ်ဓာတ်အားရှိသူ ၅.၃ ဘီလီယံ၊ ရေအသုံးပြုသူ ၃.၅ ဘီလီယံနှင့် ကားသုံးစွဲသူ ၂.၈ ဘီလီယံ တို့နှင့် နှိုင်းယှဉ် ဖော်ပြခဲ့သည်။

ဖုန်းသုံးစွဲမှု မြင့်တက်လာခြင်းသည် လူ့အဖွဲ့အစည်းက ဘဝရှုထောင့် အားလုံးအတွက် ဟန်းဆက်များအပေါ် မှီခိုမှု မြှင့်တက်လာခြင်းကို ဖော်ပြနေသည်။ Cisco အစီရင်ခံက ၂၀၂၀ ခုနှစ်တွင် မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲမှုမှာဆယ်ဆ မြင့်တက်လာမည် ဖြစ်ကာ ၃၆၆.၈ exabytes အထိ ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ၎င်းပမာဏသည် Instagram ဓာတ်ပုံ ၈၁ထရီလီယံ သို့မဟုတ် YouTube ဗီဒီယို ၇ ထရီလီယံ နှင့်ညီမျှကြောင်း သိရသည်။ ထို့အပြင် ယမန်နှစ်က မိုဘိုင်းနှင့် တွဲဖက်အသုံးပြုနိုင်သော ထုတ်ကုန် ၇.၉ ဘီလီယံမှ ၂၀၂၀ ခုနှစ်တွင် ၁၁.၆ ဘီလီယံ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်နှင့် စက်ပစ္စည်းအချင်းချင်း ချိတ်ဆက်မှုများသည် တိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။

 credit internetjournal
သီဟထိုက်
www.thihahtike.com

0 comments:

Post a Comment