ပည်တွင်းမှ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo ၏ SIM
ကတ်များကို ပြည်ပနိုင်ငံ ၅၂ နိုင်ငံ၌ ယူဆောင် အသုံးပြုနိုင်ပြီ
ဖြစ်ကြောင်းသိရသည်။
Ooredoo သုံးစွဲသူများအနေဖြင့် အရှေ့တောင်အာရှ၊ ဥရောပ၊
အရှေ့အလယ်ပိုင်းနှင့် အမေရိကစသည့် ဒေသတွင်းနိုင်ငံ ပေါင်း ၅၂ နိုင်ငံတွင်
ရောက်ရှိနေစဉ် ဈေးအသက်သာ ဆုံးနှုန်းထားများဖြင့် ဖုန်း၊ SMS၊ အင်တာနက်
ဝန်ဆောင်မှုများကို Ooredoo SIM အချင်းချင်း အသုံးပြုနိုင်မည် ဖြစ်သည်။
ဝန်ဆောင်ခများမှာ နိုင်ငံအလိုက် ကွာခြားမှုရှိမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း
ထိုင်းနှင့် စင်ကာပူကဲ့သို့သော အသွားအလာများသည့် နိုင်ငံတို့တွင်
အသုံးပြုရန် Ooredoo ၏ ပြည်ပ ရောက် ၀န်ဆောင်မှု ဈေးနှုန်းများမှာ Ooredoo
website တွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပြည်ပရောက် ၀န်ဆောင်မှုကို အသုံးပြုနိုင်ရန် အတွက်
သုံးစွဲသူများအနေဖြင့် ပြည်ပခရီး မထွက်ခွာမီ လိုအပ်သလို
ကြိုတင်စီစဉ်ထားသင့်ကြောင်းကို သုံးစွဲသူ Ooredoo ၀န်ဆောင်မှုဌာနမှ
ဒါရိုက်တာ Philip Joseph က " "နိုင်ငံခြားရောက်နေတုန်းမှာ အဆင်ပြေပြေ
အသုံးပြုနိုင်ဖို့ရာ ကိုယ့်ဖုန်းဆက်တင်ကို ပြည်ပရောက်တဲ့အခါမှာ
ဝန်ဆောင်မှုကို ချိန်ပေးထားရမှာပါ။ ဒါကလည်း သိပ်အခက်ကြီး မဟုတ်ပါဘူး။
ဖုန်းမှာရှိတဲ့ ပြည်ပရောက်စဉ် အသုံးပြုမှုနဲ့ဆိုင်တဲ့ ခလုတ်ကို
တစ်ချက်တည်းနဲ့ ဖွင့်ပေးထားလိုက်ရုံပါပဲ။ ကောက်ခံမဲ့ နှုန်းထားတွေကိုတော့
Ooredoo တရားဝင် အင်တာနက် စာမျက်နှာကနေဖြစ်ဖြစ်၊ ပြည်ပနိုင်ငံတစ်နိုင်ငံ
ရောက်ရောက်ချင်းမှာ ၀င်လာတဲ့ SMS ကနေဖြစ်ဖြစ် သိနိုင်မှာပါ" ဟူ၍ ပြောသည်။
ထို့ပြင် ပြည်ပရောက်ရှိနေစဉ်တွင် မိမိ၏ဖုန်းမှ အသုံးပြုနေသည့်
လုပ်ငန်းဆိုင်ရာများအားလုံးကို သေချာသိရှိထားသင့်ကြောင်း၊ အ၀င်အထွက်
ဖုန်းများနှင့် SMS များကို အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်သော်လည်း
အင်တာနက်ဝန်ဆောင်မှုသည် အလိုအလျောက် ပွင့်နေတတ်သည့်အတွက် မလိုအပ်သည့်
Application များ ပွင့်ပြီးအလုပ် လုပ်နေနိုင်သည့်အတွက် မလိုအပ်သည့်
application များကို ပိတ်ထားသင့်ကြောင်းနှင့် အီးမေးလ်ဖြင့် တွဲပါလာသည့်
ဖိုင်ဆိုက်ကြီးများကို ဖွင့်မည်ဆိုပါက သတိပြုသင့်ကြောင်း ၎င်းမှ
အကြံပြုပြောကြားခဲ့သည်။
ပြည်ပမှတစ်ဆင့် ပြည်တွင်းသို့ ဖုန်းခေါ်ဆိုရန်အတွက် မြန်မာပြည်၏
အပြည်ပြည်ဆိုင်ရာ ဖုန်းကုဒ်နံပါတ်ဖြစ်သော +၉၅ ကိုရှေ့ဆုံး
ထည့်သွင်းအသုံးပြု ရမည်ဖြစ်ပြီး ဧရိယာကုဒ်များတွင် ပါဝင်သော ပထမဆုံး သုံည
(ဝ) ကို ဖယ်၍ (ဥပမာ - +၉၅၉၉၇xxxxxxx ) အသုံးပြုရမည် ဖြစ်ကြောင်းသိရသည်။
credit internetjournal
သီဟထိုက်
www.thihahtike.com






0 comments:
Post a Comment