♪ “အူရီဒူးမြန်မာဆင်းကတ်အတွက် စိတ်ကြိုက်နံပါတ်များအား ကျပ် ၁၅၀၀ မှ စတင်ဝယ်ယူနိုင်” ♫


အူရီဒူးမြန်မာ ဆင်းကတ်များ ထဲမှ မိမိစိတ်ကြိုက်နံပါတ်များအား ရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ကျပ် ၁၅၀၀ မှ စတင်ရရှိနိုင်ကြောင်း သတင်းထုတ်ပြန် ပါသည်။အူရီဒူးမြန်မာမှ သုံးစွဲသူများအား မိမိတို့ကြိုက်နှစ်သက်ရာ ဂဏန်း များကို ရွေးချယ်ပြီး အလိုရှိသလို စိတ်ကြိုက်စဉ်နိုင်ခြင်း၊ လက်ရှိအသုံးပြုနေ သော နံပါတ်များနှင့် ဆင်တူနံပါတ်များရွေးချယ်နိုင်ခြင်း စသည့်ဝန်ဆောင်မှု များကို ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

“လက်ရှိသုံးနေတဲ့ နံပါတ်နဲ့ ဆင်တူတဲ့နံပါတ်ကအစ၊ ကံကောင်းကံပွင့်စေတဲ့ နံပါတ်တွေ၊ အလွယ်တကူ မှတ်မိစေ နိုင်တဲ့ နံပါတ်တွေ၊ အထူးစိတ်ကြိုက် ဖုန်းနံပါတ်တွေ ၀ယ်ယူချင်ပါတယ်လို့ သုံးစွဲသူဆီက အကြံပြုချက်တွေကို ကျွန်တော်တို့ အများကြီးလက်ခံရရှိထားပါတယ်။ ဒါကြောင့်သုံးစွဲသူ တစ်ဦး ချင်းစီအတွက်သာမက စီးပွားရေး လုပ်ငန်းတွေအတွက်ပါ ဒီလိုလိုအပ်ချက် တွေနဲ့ပြည့်စုံတဲ့ ဆင်းကတ်တွေကို ကျွန်တော်တို့စတင်မိတ်ဆက်ပေးချင် တာကြာခဲ့ပါပြီ”ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Rene Meza က ပြောသည်။

“အဲဒီလိုအထူးနံပါတ်တွေကိုဝယ်ယူနိုင်ဖို့ကတော့ ကျွန်တော်တို့ရဲ့ အူရီဒူး သီးသန့် အရောင်းဆိုင်၂၂ ဆိုင်ကို သွားပြီး ကြိုက်ရာရွေးဝယ်လိုက်ရုံပါပဲ။ အိပ်မက်မက်ယူရအောင် လိုချင်နေတဲ့နံပါတ်တွေကို ကျွန်တော်တို့အရောင်း ကိုယ်စားလှယ်တွေက ရွေးချယ်ဝယ်ယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဦးရာလူ စနစ်နဲ့ ရောင်းချပေးနေတာ ကြောင့် မြန်မြန်သာအရောက်လှမ်းခဲ့ပါ။ ဈေးနှုန်းကတော့ အနည်းဆုံး ၁၅၀၀ ကျပ်ကနေစပါမယ်”ဟု လည်း Rene Meza ကဆိုပါသည်။ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အဓိက ရည်ရွယ်သော အဆိုပါနံပါတ်အလှ ရောင်းချခြင်း လုပ်ငန်း စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက www.ooredoo.com.mm တွင်ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

ရဲလင်းလင်းသန်း


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment