♪ OPPO ရဲ့အရည်အသွေးမြင့်ပြီးလူကြိုက်များသော - “OPPO R7 Lite” ♫


OPPO R7 Lite ကိုယ်ထည်ဒီဇိုင်းတွင် ကျွမ်းကျင်လှပစွာဖန်တီးထားသည့် အနုစိတ် သောမျဉ်းကြောင်းများကို အသုံးပြုထားပြီး ကျောဘက်တွင် အသုံးပြုထားသော arcဒီဇိုင်းသည် ပါးလျကျစ်လျစ်မှုကို ဖန်တီးပေး နိုင်ပါတယ်။ R7 Liteဟာ ၅.၀လက်မရှိမှာဖြစ်ပါတယ်။ Display ဖော်ပြနိုင် စွမ်းကလည်း 720 x 1280 pixels ဖြစ်ပါတယ်။ PPI ပိုင်းကိုပြောရမယ်ဆိုရင် 294 ကိုသာ သုံးထားတာကြောင့် အရမ်းကြီးရှင်းလင်း နေမှာမဟုတ်ပါဘူး။

အလေးချိန်ကတော့ 147g ရှိပြီး၊ အိတ်ကပ်ထဲမှာထည့်ထားနိုင်သလို၊ လက်ထဲမှာကိုင်တွယ်ထားရင် အလိုက်သင့်အနေအထားရှိနေမှာပါ။ မျက်နှာပြင် ကိုတော့ Black Screen အပြည့်ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘေးဘောင်လေးတွေဟာ 0.25inch သာရှိတာကြောင့် 5.0 လက်မ မျက်နှာပြင်ကို အပြည့်အ၀အသုံးချနိုင်ပါလိမ့်မယ်။ ကိုယ်ထည် ကိုတော့ အလူမီနီယံမဂ္ဂနီဆီယမ်သတ္တုစပ်ဖြင့် ဒီဇိုင်းဖန်တီးတည်ဆောက် ထားပါတယ်။

ဖုန်း၏ ကျောဘက်ကိုပိုမိုကောင်းမွန်သည့် အရောင်တင်မှုဖြင့် ပြုလုပ်ထားပြီး အရည်အသွေးမြင့် ဂေါ်မိတ်ကျောက်အမှုန့်ဖြင့် တစ်လွှာထပ် အုပ်ထားသည့်အတွက် သတ္တုဖြစ်လင့်ကစား ပိုးသားကဲ့သို့နူးညံ့သော အထိ အတွေ့ကိုခံစားနိုင်မှာပါ။ စပီကာကိုတော့ ဖုန်းရဲ့နောက်ကျောပိုင်း အောက်ဘက်မှာတပ်ဆင်ပေး ထားပြီး၊ အောက်ဘက်မှာတော့ USB အားသွင်းကြိုးပေါက်ကိုတွေ့ရမှာပါ။ Power ခလုတ်ကိုတော့ ညာဘက် ဘေးမှာတပ်ဆင်ထားပြီး၊ အသံအတိုးအကျယ်ခလုတ်ကိုတော့ အခြားဘက် မှာတွေ့ရမှာပါ။

OS ပိုင်းအတွက်ကတော့ opensource ဖြစ်တဲ့ android ကို ပြန်လည်ပြင်ဆင် ရေးသားထားတဲ့ Color OS 2.1 ကိုသုံးစွဲနိုင်မှာပဲဖြစ် ပါတယ်။ ဒါကြောင့် OPPO ကထောက်ပံ့ထားတဲ့ လုပ်ဆောင်ချက်တွေသာမကဘဲ၊ android ရဲ့ဝန်ဆောင်မှုတွေ ကိုလည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ system update ကိုလည်း လွယ်လင့်တကူပြုလုပ်လို့ရနိုင်မှာဖြစ်ပြီး မှတ်သားစရာ တွေအတွက် အသုံးပြုရတဲ့ Note ကိုသုံးစွဲတဲ့အခါမှာ ပုံတွေနဲ့တွဲလျက် မှတ်တမ်းပြုလုပ်ထားနိုင်မှာ ဖြစ်ကာ lock ပြုလုပ်လိုသူတွေအတွက် third party app တွေသုံးစရာမလိုအောင် lock function ကိုတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက်ကတော့ app encrypt, data saving, guest mode, Permission monitor နဲ့အတူ block (6) မျိုးပါဝင်တာကို တွေ့ရမှာဖြစ်ပါတယ်။

အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည်ဖြစ်ပါတယ်။ ဒါကြောင့် ပုံထွက်ကောင်းမယ့် ဖုန်းတစ်လုံးပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM က 2GB ပါရှိမှာဖြစ်ပြီး Internal Storage ကတော့ 16GB ပါရှိပါတယ်။ Battery မှာ Li-Po 2320mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.5GHz & Q.C 1GHz
Screen - 5 inches
Camera - 13MP
Bluetooth - v4.0
Storage - up to 128GB
OS - Android OS,v 5.1
Contact - 01-252988
Mobile Guide Journal (Every Monday)

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment