♪ “ Huawei Mate 8 VS Huawei Nexus 6P “ ♫


Huawei ရဲ့ ပထမဆုံး Phablet အမျိုးအစားဖြစ်တဲ့ Ascend Mate 7 အတိုင်း Mate 8 ကိုလည်း Phablet အရွယ်အစားဖြစ်အောင် ဖန်တီးပေးထားပါတယ်။ အရွယ်အစားတော့ ပြောင်းလဲလာတာ မတွေ့ရ ပေမယ့် အရင် Ascend Mate 7 နဲ့ မတူညီတာက Mate 8 ရဲ့ အတွင်းပိုင်းအချက်တွေ တိုးတက် ပြောင်းလဲလာတာမျိုး ဖွဲ့စည်းထားပါတယ်။ ပြိုင်ဘက် flagship တွေကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည် အားလုံးကို Huawei ရဲ့ Mate series တိုင်းမှာ တွေ့နိုင်ပြီး Mate 8 မှာ Display နဲ့ Processor တို့ရဲ့ လုပ်ဆောင်ချက်တွေ မြင့်မားလာအောင် တီထွင်ပေးထားပါတယ်။ Mate 8 နဲ့ Nexus 6P တို့မှာ Android OS 6.0 (Marshmallow) ကို run ထားပြီး Mate 8 မှာ Emotion UI 4.0 နဲ့ OS ကို တွဲဖက်ထားပါတယ်။ Mate 8 ရဲ့ ပင်မကင်မရာ 16MP မှာ OIS ပါဝင်လာပြီး ရှေ့ဘက်ကင်မရာကတော့ 8MP အရည်အသွေး ရှိပါတယ်။ Fast battery charging feature ထည့်သွင်းထားတာမို့ အားသွင်းချိန် အလွန်မြန်ဆန်ပါတယ်။ Nexus 6P ရဲ့ ကျောဘက်မှာ 12.3MP ကင်မရာနဲ့ ရှေ့ဘက်မှာ 8MP ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ 2160p 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
* Design *
1. Huawei Mate 8
တောင့်တင်းခိုင်မာနေတဲ့ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး Bezel-less စမတ်ဖုန်း အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ကျောပြင်ဟာ အနည်းငယ်ခုံးနေပြီး ဘေးထောင့်တွေကို အပါးလွှာဆုံး ဖြစ်အောင် တည်ဆောက်ထားပါတယ်။
2. Huawei Nexus 6P
ကြီးမားတဲ့အရွယ်ဒီဇိုင်းနဲ့ အနည်းငယ်ခုံးနေတဲ့ သတ္တုဘေးထောင့်တွေကြောင့် Nexus 6P ကို ပိုမိုကြွားဝါစေပါတယ်။ သတ္တုအပြည့် ဖုံးအုပ်ထားတဲ့ Nexus ရဲ့ ပထမဆုံး flagship တစ်လုံးဖြစ်ပြီး တည်ဆောက်ထားတဲ့ အလူမီနီယမ်ဟာ Aeronautical-grade ဖြစ်ပါတယ်။
* Processor *
1. Huawei Mate 8
စွမ်းဆောင်ရည် ပိုမိုအားကောင်းတဲ့ processor ကို သုံးပေးထားတာ တွေ့ရပြီး HiSilicon Kirin 950 octa-core က မြန်နှုန်းမြင့် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဂိမ်းဝါသနာပါသူတွေက Mali-T880MP4 ဂရပ်ဖစ်ကို သဘောကျကြမှာဖြစ်ပြီး 900MHz မြန်နှုန်းရှိပါတယ်။
2. Huawei Nexus 6P
Nexus 6P ကို Qualcomm Snapdragon 810 v2.1 octa-core processor နဲ့ စွမ်းဆောင်ရည် မြှင့်တင်ထားပြီး OnePlus 2 မှာ ပါဝင်တဲ့ processor နဲ့အတူတူ သုံးစွဲပေးထားပါတယ်။ Adreno 430 ဂရပ်ဖစ်နဲ့ RAM 3GB ပါဝင်တာကြောင့် App နဲ့ဂိမ်းတွေ အခက်အခဲမရှိ ကစားနိုင်ပါတယ်။
* Display *
1. Huawei Mate 8
မျက်နှာပြင်ဟာ ကြီးမားပြီး ၆ လက်မအရွယ်အစားရှိ Display ကို ရရှိမှာဖြစ်ပါတယ်။ ရုပ်ထွက် အရည်အသွေးဟာ 1080 x 1920 pixels full HD ကို ပံ့ပိုးပေးထားပါတယ်။ မျက်နှာပြင် အကြမ်းဒဏ် ခံနိုင်ရည်အတွက် Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ထားပါတယ်။
2. Huawei Nexus 6P
iPhone 6s ထက် ကြီးမားတဲ့ ၅.၇ လက်မအရွယ် screen ကို တွေ့ရပြီး အရည်အသွေး အလွန်ကောင်းတဲ့ 2K ရုပ်ထွက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 4 နဲ့ ကာကွယ် ပေးထားပြီး ခံနိုင်ရည်ရှိတဲ့ ဖန်သားနဲ့ တည်ဆောက်ပေးထားပါတယ်။
* Verdict *
1. Huawei Mate 8
Huawei Mate 8 ရဲ့ ကြီးမားတဲ့ ၆ လက်မအရွယ် Display အတွက် 2.5D effect screen ပါဝင်ပြီး fingerprint scanner က ဆက်လက်ပါရှိခဲ့ပါတယ်။ Ascend Mate 7 ထက် ပိုမိုကောင်းမွန်လာတဲ့ feature တွေ မပျက်မကွက် ပါဝင်လာတာကြောင့် Huawei Mate 8 ကို အမိုက်စား အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။
2. Huawei Nexus 6P
Google ဟာ Nexus 6P ရဲ့ ကင်မရာ sensor နဲ့ နည်းပညာ အဆင့်မြင့်ထားမှုတွေအပေါ် အတော်လေးကို ကြိုးစားတီထွင်ခဲ့ပါတယ်။ Google ရဲ့ ကင်မရာ featue အသစ်တွေကိုလည်း သုံးနိုင်ပြီး Nexus ဖုန်းတွေအတွက်တော့ Huawei Nexus 6P ဖုန်းဟာ အထူးခြားဆုံး ဖြစ်နေပါလိမ့်မယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment