♪ “ ၂၀၁၆ မှာမသုံးသင့်သည့် Software “ ♫


မသုံးသင့်တော့သည့် Softwares ဟုဆိုကတည်းက ယင်းတို့သည်လုံးလုံးအခမဲ့ (သို့မဟုတ်) တစ်လအခမဲ့ ပေးသုံးသည့် Software ဖြစ်ဖို့များသည်ကို သဘောပေါက်ထားရပါမည်။ အင်တာနက် (မိုဘိုင်းအင်တာနက်) အတော်အသင့်ဖြစ်ထွန်းလာသည့်အတွက် ယခုဆိုလျှင်အခမဲ့ရသော Software ကောင်းအတော်များများကို ကျွန်မတို့၏ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်းများထဲတွင် ထားပြီးသုံးကြပါသည်။ သို့သော် ယခင်နှစ်များကထက် ပို ၍အရည်အသွေးကောင်းပြီး ပိုစိတ်ချရသည့် Software များပေါ်လာသည်ဖြစ် ၍ အချို့ Software အဟောင်းများကိုမသုံးဘဲ ရပ်ရပါတော့မည်။ ယင်းတို့မှာ မည်သည့် Software များနည်း။
* WinZipper *
WinZip ကို ကျွန်မတို့ကွန်ပျူတာခေတ်တစ်လျှောက်လုံး သုံးလာကြသည်။ WinRAR အားကောင်းလာသောကြောင့်သာ WinZip ကို အသုံးနည်းသွားခြင်းမျိုးရှိသည်။ WinZipper သည် WinZip နှင့် နာမည်ခြင်းဆင်သော်လည်း အလုပ်လုပ်ပုံခြင်းမတူပါ။ ဤ WinZipper မှာ free နှင့် Trial version ဟူ ၍ နှစ်မျိုးလာပြီး နှစ်မျိုးစလုံးတွင် PUPS (Potentially Unwanted Program) များပါသည်။ ထို့ပြင် မိမိသုံးသော browser ၏ home page ကိုလည်း ပြောင်းလဲပစ်နိုင်သည်။ WinZipper ထဲတွင် မြှုပ်ပြီးထည့်လွှတ်လိုက်သော အခြား Software တစ်ခုလည်းရှိသေးသည်။ WinZipper install လုပ်သည်နှင့်တစ်ပြိုင်နက် ကွန်ပျူတာပိုင်ရှင်မသိဘဲ ယင်း Software ကို install လုပ်ပြီး ဖြစ်သွားပါမည်။
WinZipper က စိတ်မချရဟုဆိုလျှင် မည်သည့် Software ကို အစားထိုးသုံးသင့်သနည်း။ www.7-zip .org မှ download ဆွဲချပြီး သုံးနိုင်သော 7-zip ကိုသုံးနိုင်သည်။ 7-zip သည် အရွယ်ကြီးသောဖိုင်များကို ကောင်းမွန်စွာချုံ့ပေးနိုင်သည့်အပြင် 256-bit AES eneryption ဖြင့်ဖိုင်များကို လုံခြုံမှုရှိအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။
* Adobe Reader *
PDF reader များထဲတွင် Adobe Reader မှာ အကောင်းဆုံးအဆင့် ၌ရှိသည်။ Cut and merge မလုပ်နိုင်သည်မှလွဲပြီးအတော်ပင်သုံးပျော်သော application ဖြစ်သည်။ version အသစ်ထွက်တိုင်းလည်း ပို၍ကောင်းလာသည်။ အဘယ်ကြောင့် မသုံးသင့်ဟုဆိုရသနည်း။ အလုပ်လုပ်ပုံနှေး၍ဖြစ်သည်။ ဖိုင်အရွယ်အစားက 78 mb ရှိသဖြင့် လိုအပ်သည်ထက်ဖောင်းပွသည်။ ထို့ပြင် installation လုပ်သည့်လုပ်ငန်းစဉ်တွင် AcAfee Security Scan plus tool ကို သုံးဖြစ်အောင် အဓမ္မတွန်းထည့်ပါသေးသည်။ ယင်း tool မှာ အများနှစ်သက်လောက်အောင် စွမ်းဆောင်ရည်မျိုးမရှိပါ။ Adobe Reader ကို မသုံးဟုဆိုလျှင် မည်သည့် Software ကို ပြောင်းလဲသုံးမည်နည်း။ www.sumtrapdf reader.org မှ download ချပြီး အခမဲ့သုံးနိုင်သော Sumatra PDF ကို သုံးကြပါမည်။ ပေါ့ပေါ့ပါးပါးနှင့် အထင်ကြီးလောက်သော PDF reader ဖြစ်ပါသည်။
* EaseUS Data Recovery Wizard Free 9 *
ကျွန်မသုံးဖူးသလောက်ပြောရလျှင် Easeus မှထုတ်သော Software များသည် အရည်အသွေးမဆိုးလှ၊ Easeus partition Manager ဟုဆိုလျှင်အတော်ကောင်းသည်။ Data Recovery ဆိုသည်မှာလည်း ပြောရလျှင် အမှန်တကယ်လိုအပ်သောလုပ်ငန်းစဉ်ဖြစ်သည်။ ဖိုင်ဆိုသည်မှာ မှားယွင်းး၍ မဖျက်မိသည်က ခပ်ရှားရှား၊ ဖိုင်တစ်ခုကို ဖျက်မိသည်ဟု ဆိုရာဝယ် အတွင်းဖိုင်ကို ဦးစွာဖျက်ခြင်းမဟုတ်ဘဲ ယင်းဖိုင်၏ reference ကိုသာ ဖျက်မိခြင်းဖြစ်သည်။ ယင်းဖိုင်ရှိသောနေရာသို့ အပေါ်မှ ထပ်အုပ်ပြီး နောက်ထပ် data မရေးသရွေ့ မူလဖိုင်မပျက်သေး။ ထို့ကြောင့် Recovery Software ကောင်းကောင်းရှိလျှင် မတော်တဆဖျက်မိသောဖိုင်ကို ဆယ်တင်နိုင်သည်။
EaseUS Data Recovery Software သည် hard drive ၊ USB stick ၊ Memory card ၊ Digital Camera ၊ Mobile Phone နှင့် အခြား Storage media များပေါ်ရှိ ဖျက်မိသောဖိုင်များကို ပြန်လည်ဆယ်တင်ပေးနိုင်သည်။ ဤ Software က အလုပ်လုပ်ပုံလည်းကောင်းပါသည်။ ထို့ကြောင့် ပညာရှင်များက အတတ်ကာလတစ်လျှောက်လုံး ထောက်ခံခဲ့ကြပါသည်။ သို့ရာတွင် Free edition ကို အသုံးပြုပါက 1 Gb data အထိသာ ဆယ်တင်နိုင်ပါမည်။ ကွန်ပျူတာနှင့်စမတ်ဖုန်းများအတွက် ယင်းပမာဏသည် ယခုအခါတွင် အလွန်နည်းပါးသော data ပမာဏဖြစ်သွားပါပြီ။ installation လုပ်စဉ် ကာလတစ်လျှောက်လုံးတွင်လည်း မိမိမလိုသော software များ အတင်းထိုးရောင်းသည်နှင့်လည်း ကြုံတတ်ပါသေးသည်။ ယင်းကို အစားထိုးရန် www.piriform.com/recuva မှထုတ်သော Recuva ရှိသည်။ အမှန်တကယ်အလုပ်လုပ်နိုင်ပြီး ကန့်သတ်ချက်မရှိသော အခမဲ့ Software ကောင်းဖြစ်ပါသည်။
* Icecream Ebook Reader 2
ကွန်ပျူတာခေတ်ဦးက စာအုပ်ဖတ်ခြင်းမှာ ရိုးရှင်းသည်။ HTML နှင့် PDF format နှစ်မျိုးကိုသာ ebook လောကတွင် တွေ့ရမည်။ မိုဘိုင်းအဓိကခေတ်သို့ရောက်သည့်အခါ ebook format တွေများလာပါသည်။ iDrive တွေမှာ ဖတ်ရန် EPUB ၊ Kindle တွေမှာ ဖတ်ရန် MOBI အပြင် အခြားမထင်မရှား format တွေလည်း ရှိလာသည်။ ထိုစာအုပ်အစုံကို ဖတ်ရန် ကနဦးတွင် Icream app ကို သုံးခဲ့ကြသည်။
ယခုထွက်ရှိထားသော Icream Ebook Reader သည် အရည်အသွေးအလွန်ကောင်းသော application ဖြစ်သည်။ ebook တို့ကို စနစ်တကျစုစည်းပေးနိုင်သည်။ Format ပေါင်းစုံ (EPUB, MOBI, FB2, PDF) တို့ကို ဖတ်နိုင်သည်။ Free version မှာ စာအုပ် ၁၀ အုပ်အထိသာ လက်ခံသည်။ ၁၀ အုပ်ပြည့်လျှင် Organizer က စာအုပ်သစ်ထပ်ပြီး လက်မခံသလို စာအုပ်အသစ်လည်း ဖတ်၍မရတော့ပါ။ စာဖတ်သန်သူတစ်ယောက်အတွက် စာအုပ် ၁၀ အုပ်မှာ နည်းလွန်းသည်။ မပူပါနှင့်။ www.calibre-ebook.com မှ download ဆွဲယူအသုံးပြုနိုင်သော Calibre ကိုသုံးနိုင်သည်။ Windowss၊ Mac နှင့် Linux တွင် သုံးနိုင်ပြီး အုပ်ရေကန့်သတ်ချက်မရှိပါ။
* USB Safeguard *
အခမဲ့သုံးနိုင်သော Software အဖြစ် USB Safeguard ကို ကနဦးးတွင် ကျွန်မတို့ သုံးခဲ့ရသည်။ မိုဘိုင်းခေတ်တွင် USB Stick တို့သည် ကိုယ်ရေးကိုယ်တာသုံးဖိုင်များသယ်ရန်အတွက် အထူးအရေးပါသည်။ အရွယ်ငယ်ငယ်မှာ ဖိုင်များများသယ်နိုင်သဖြင့် လူအများသုံးစွဲကြသည်။ ထိုသို့ အရွယ်ငယ်ခြင်းကြောင့်ပင် ပျောက်လွယ်ရှလွယ် ဖြစ်ရပြန်သည်။ ပစ္စည်းပျောက်ခြင်းက အရေးမကြီး အတွင်းက အရေးကြီးဖိုင်များ သူများလက်ရောက်လျှင် ခက်မည်။ ထိုကိစ္စအတွက် USB Safeguard က AES 256-bit encryption လုပ်ပြီး ကာကွယ်ပေးထားပါသည်။
USB Safeguard က သုံး၍ကောင်းပါသည်။ သို့သော် မသုံးမီမှာ USB stick ကို format ရိုက်ဖို့လိုသည်။ အကယ်၍ free edition software ကို သုံးမည်ဆိုလျှင် အများဆုံး 2GB အထိသာ encrypt လုပ်ပြီး သိမ်းဆည်းပေးပါမည်။ 4GB အရွယ်သာရှိသော stick များတုန်းက ပြဿနာမရှိလှ။ ယခုမှု 16GB ရှိသော Stick ကို လူသုံးများလာပြီဖြစ်သည့်ပြင် data သိုလှောင်မှု 2GB မှာ မလွမ်းလောက်။
သို့ဖြစ်ရာ software ပြောင်းဖို့လိုလာသည်။ ထိုကိစ္စအတွက် www.diskcryptor.net မှ အခမဲ့ download ဆွဲချသုံးနိုင်သော Diskcryptor ကို သုံးနိုင်သည်။ ဤ Software က hard disk တစ်ခုလုံးပင် enerpt လုပ်နိုင်ပေရာ USB Stick လောက်ကို ခပ်သာသာ အလုပ်လုပ်ပေးနိုင်သည်။ အဆင့်မီ Software ကို သုံးလိုလျှင် Maxcell USB Stick ကို သုံးနိုင်သည်။ ယင်းထဲမှ Encryptor Software မှာ သုံးရလွယ်ကူသည့်ပြင် USB Stick တစ်ခုလုံးအထိ ခြုံငုံမိပါသည်။ 

ဧဧသက် (ဖြိုးဓနဒစ်ဂျယ်တယ်ဓာတ်ပုံ)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment