ဘ၀ကို အလှဆင်သော သတ္တိ


ကိစ္စတစ်ခုကို ဖြေရှင်းရဲတဲ့ သတ္တိဟာ လူတိုင်းမှာတော့ မရှိဘူး။ ဒါမျိုးက ကာယသတ္တိ၊ စိတ္တသတ္တိ နှစ်မျိုးလုံးရှိမှဖြေရှင်းရဲတာ မျိုးဖြစ်တယ်။ အခက်ခဲကို ရှောင်ချင်တဲ့ သူတွေက ကာယသတ္တိရှိရင်တောင် စိတ္တသတ္တိနည်းတာတော့ သေချာပါတယ်။ စိတ္တသတ္တိနည်းရင် ကာယသတ္တိက အလကားပဲ။ ဆိုးကျိုးဖြစ်တာ များတယ်။

ကြုံတွေ့ လာတဲ့ အခက်ခဲတွေကို ကိုယ်တိုင် ရင်မဆိုင်ရဲတာက ကိစ္စမရှိပါ။ သူတစ်ပါးအပေါ်ကို ပုံချပေးတာကတော့ အရုပ်ဆိုးလှပါတယ်။ တာဝန်ယူရဲတဲ့ သတ္တိမရှိတဲ့ သဘောပေါ့။ ဒါမျိုးကတော့ စာရိတ္တသတ္တိနည်းတဲ့ သူတွေပါ။ မကောင်းတာ ကြံယုံတင် မဟုတ်၊ အကျင့်ဆိုတဲ့ လုပ်ဆောင်မှုထိ သက်ရောက်လိုက်တာပါပဲ။

လူတစ်ယောက်မှာ သတ္တိ သုံးမျိုးလုံး ပြည့်စုံမှ မြင့်မြတ်တဲ့ ဘ၀ကို ပိုင်ဆိုင်မှာပါ။ ဘ၀မှာ ကြုံလာသမျှ အတား
အဆီး၊ ပြဿနာပေါင်းစုံကို တာဝန်ယူဖြေရှင်းပြီး ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ စိတ်ရှိသူတွေဟာ လူပီသတဲ့လူ၊ မြင့်
မြတ်တဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ ဟာ ကာယ၊ စိတ္တ၊ စာရိတ္တ သတ္တိအားလုံး ပိုင်ဆိုင်တဲ့သူတွေဖြစ်ပါ တယ်။

တစ်ချို့ က သတ္တိရှိဖို့ ဆိုလို့  ယောင်္ကျားတွေကို ပြေးမြင်တတ်ကြတယ်။ တကယ်တော့ သတ္တိရှိတဲ့ မိန်းမသားတွေအများကြီးပါ။ အမျိုးသမီးတွေလည်း ဒီသတ္တိတွေနဲ့ ပြည့်ဖို့ လိုပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ လည်းဘ၀တစ်ခုကို ပိုင်ဆိုင်ထားလို့ ပါပဲ။

ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် လောကဓံကို ရင်ဆိုင်တဲ့နေရာမှာ ကြံ့ကြံ့ခံဖြတ်သန်းနိုင်မှုနဲ့  သတ္တိရှိမှုပေါ် မူတည်ပြီး တန်ဖိုးကွာခြားသွားတယ်။ ပတ်ဝန်းကျင်ကို ဘယ်လောက် အကြိုးပြုနိုင်လည်းဆိုတဲ့ အချက်နဲ့ လည်း တိုင်းတာတယ်။ ဒီနေရာမှာတော့ စာရိတ္တသတ္တိနဲ့  ဆုံးဖြတ်မှ ရတယ်။

လူတော်တော်များများ ကာယသတ္တိနဲ့ စိတ္တသတ္တိ ရှိတာ များပါတယ်။ သို့ သော် စာရိတ္တသတ္တိတော့ ရှိတဲ့သူ နည်းလိမ့်မယ်။ စာရိတ္တသတ္တိဆိုတာ အနစ်နာခံရဲခြင်း၊ စွန့် လွှတ်ရဲခြင်း၊ မှန်တာကို ကျင့်ကြံရဲခြင်း၊ သစ္စာရှိခြင်း စတာတွေပါ။ လူ့ တန်ဖိုးကတော့ စာရိတ္တသတ္တိမှာပဲ တစ်ဦးနှင့်တစ်ဦး ခြားနားသွားတာပေါ့။ ဒါကြောင့် စာရိတ္တသတ္တိဟာဘ၀လှအောင် အလှဆင်ပေးတဲ့ သတ္တိဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

0 comments:

Post a Comment