ဂုဏ်ထူး


ထိုနေ့က မေမေနဲ့ ဖုန်းပြောဖြစ်တယ်။မေမေက ကျွန်
တော့ကို ရည်းစားမထားဖို့၊အိမ်ထောင်မပြုဖို့ တတွတ်တွတ်မှာနေတယ်။
အိမ်ထောင်ဆိုတာ ဘယ်အချိန်ပြုပြုရကြောင်း၊ ကျွန်တော့် အသက်ငယ်သေးကြောင်း၊ အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုပ်ထိုး
ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့် အမျိုးတွေ ဖြစ်ကြောင်း
ဖုန်းထဲကနေဆုံးမနေတယ်။မေမေ့ရင်ထဲက စိုးရိမ်
သောကတွေ သားတို့မောင်နှမရှစ်ယောက်နဲ့သာမြောက်လိုက်ရင်
တော်တော်များမှာဘဲလို့ ကျွန်တော်ခံစားမိတယ်။ဪ.....မေမေရယ်။
" မေမေ ... ဟိုတစ်နေ့က သားသူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်။သူက သားကို မိန်မယူဖို့
အတင်းတိုက်တွန်နေတယ် မေမေ။သား သူ့စကားကို စဉ်းစားကြည့်မိ
တယ်။သူပြောတဲ့ မိန်းမအဖော်မွန်ဆိုတာ လိုတာတော့မှန်ပါတယ်။ဒါပေမယ့် အခုမှကျောင်းပြီးလို့ စလုံရေစ
ရတဲ့ဘဝက ကိုယ်ယူမယ့်မိန်းမအတွက် ဘယ်လိုမှ ခင်ပွန်းကောင်း
မဖြစ်နိုင်ဘူးလို့ စဉ်းစားမိတယ် မေမေ။အကယ်၍ အခုအချိန်မှာ
မိန်းမယူလိုက်ရင် အမေတို့အတွက် သားမိုက်ကြီးဖြစ်ရဦးမယ်။သုံး
ဖက်လုံးနိုင်တဲ့ win-win-win မဟုတ်ဘဲ သုံးဖက်လုံး ရှုံးတဲ့ lost-lost-lost
ကိစ္စကို ခုချိန်မှာ မမတွေးတာ အကောင်းဆုံးလို့ စဉ်းစားမိခဲ့တယ်
မေမေ...."
" သားအတွေး မှန်တယ် "
တစ်ဖက်ဖုန်းမှ မေမေက ကျွန်တော့်စကားကို ထောက်ခံ
လိုက်တယ်။
"သားသူငယ်ချင်းကို ပြန်ပြောဖြစ်ခဲ့တဲ့ စကားတွေ မေမေ့ကို
ပြောပြချင်တယ်.....မေမေနားထောင်မယ်မလား...."
" နားထောင်ရမှာပေါ့သားရဲ့ .....သားက သားသူငယ်ချင်းကို
ဘယ်လိုစကားတွေ ပြောခဲ့တာတုန်း "
" ဒီလို မေမေရဲ့.....သားကသူ့ကို .....သူငယ်ချင်း မင်းသေသေချာချာ စဉ်းစားကြည့်နော်.....မင်းတို့ငါတို့တွေက မိဘတွေမွေး
လို့ လူဖြစ်ခဲ့ကြတယ်....မိဘတွေ ကျွေးလို့ ကြီးပြင်းခဲ့ကြ
တယ်....မိဘတွေ ကျောင်းထားပေးလို့ ပညာတတ်တွေ ဖြစ်
လာခဲ့ရတယ်....မိခင်ဆိုရင် ငါတို့ရဲ့ကိုယ်ဝန်ကို စလွယ်ကတည်းက
သင်္ချုင်္ိင်းကုန်းကို မျက်စောင်းထိုးခဲ့ရတာ အကြိမ်ကြိမ်....
ငါတို့ကြီးပြင်းလာတော့လည်း ငါတို့ဝတ်ဖို့၊စားဖို့၊နေဖို့
အတွက်ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ခဲ့ရတာ ငါတို့တွေရဲ့အဖေ
.....အခုငါတို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ မိဘ
တွေတာဝန်ကျေခဲ့ပြီ....အခု မိတွေ အိုမင်းမစွမ်းတဲ့အချိန်....
ငါတို့ကတလှည့်ပြန်ပြီး တာဝန်သိရမယ့်အချိန်....ကျေးဇူးပြန်ဆပ်
ရမယ့်အချိန်....ဒီအချိန်ရောက်မှ ကိုယ့်အပေါ်ကျေးဇူးများစွာ
ရှိနေတဲ့ မိဘကိုမလုပ်ကျွေး မပြုစုဘဲ ကိုယ်အပေါ် ကျေးဇူးမရှိ
တဲ့သူစိမ်းတစ်ယောက်ကို လုပ်ကျွေးရင် မသင့်တော်ဘူးလို့ထင်
တယ်....ကိုယ့်မှာအလုပ်အကိုင်ကအတည်တကျရှိပြီး အချိန်အတိုင်းအတာတစ်ခုအထိ မိဘကိုလည်း
လုပ်ကျွေးပြုစုခဲ့ပြီးတဲ့အချိန်မှ မင်းပြောတဲ့ အဖော်မွန်အကြောင်း စဉ်းစားတော့မယ်.....အခုအချိန်မှာတော့
အဖော်မွန်ရှာပြီး တာဝန်တွေကို ခေါင်းရှောင်သွားဖို့သတ္တိ ငါ့မှာ
မရှိသေးဘူး....လောလောဆယ် ငါ့စိတ်ထဲမှာရှိတဲ့ အဖော်မွန်က ငါ့ရဲ့ မိဘဘဲ....
.............................................................................................
ငါငယ်ငယ်လေးတုန်းက ကမ္ဘာကြီးလောက် ချစ်ခဲ့တဲ့၊ ပင်လယ်ကြီးလောက် ချစ်တယ်လို့ပြောခဲ့တဲ့ ငယ်ချစ်ဦးလေး 'မေမေ '
ကို အဖော်မွန်ကောင်းရှာပြီး လမ်းမခွဲရက်သေးပါဘူး "လို့
ပြောခဲ့တယ် မေမေ။
ကျွန်တော့်စကားဆုံးတော့ ဆို့နစ်သောလေသံ
ဖြင့် မေမေ့ထံမှ သာဓု၊သာဓု၊သာဓု ဆိုသောစကားနှင့်အတူ ကျွန်တော်ငယ်စဉ်မှ ယနေ့အချိန်ထိ မေမေ မပြောဖူးသော စကား
လေးသုံးလုံးကို ထိုနေ့က ကြည်နူးဝမ်းသာစွာ ကြားခဲ့ရတယ်။
မေမေ ကျွန်တော့်ကို ပြောလိုက်တဲ့စကားက "သားလိမ္မာ "တဲ့။
ဆယ်တန်းမှာထွက်တဲ့ ဂုဏ်ထူးလေးဘာသာထက် ထိုနေ့ကမေမေ
ပေးတဲ့ "သားလိမ္မာ " ဂုဏ်ထူးကို ပို၍မက်မောမိခဲ့တာ အမှန်ပါ။

@@@@@@@@@@@@@@@

ငယ်ချစ်ဦး

တစ်သက် တစ်ခါ ၊ တစ်လွှာ တစ်ရွက်
တစ်ခက် တစ်ပွင့် ၊ ငုံအဆင့်မို့
ရင့်လို့ပဲ ဝါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးဘဲ မြတ်နိုးမယ်...။
မောင်စိန်ဝင်း (ပုတီးကုန်း)

0 comments:

Post a Comment