Telenor က Spectrum ထပ်မံ ဝယ်ယူမည် ဟုဆို



Telenor သည် ၎င်းတို့၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်လာရန်အတွက် အစိုးရထံမှ Spectrum ထပ်မံဝယ်ယူသွားမည်ဟု သိရသည်။


Telenor အနေဖြင့် ဆက်သွယ်ရေးလိုင်စင် စတင်ရယူစဉ်က 2G ကွန်ရက်အတွက် Spectrum Bandwidth 5MHZ ရယူခဲ့ပြီး 3G ကွန်ရက်အတွက် 10MHZ ကို ရယူထားခဲ့သော်လည်း မိုဘိုင်းဖုန်း အသုံးပြုသူ များပြားလာသည့်အတွက် Spectrum များ ထပ်မံဝယ်ယူရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

2.1MHZ ပမာဏရှိသော Spectrum ကို အစိုးရထံမှ ဝယ်ယူရန် Telenor က စဉ်းစားနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ရက်ချဲ့ထွင်မှုအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။ Telenor သည် ၁၅ နှစ်တာ ကာလအတွက် ယခင်အသုံးပြုနေသည့် လှိုင်းနှုန်းစဉ်အပေါ် အစိုးရထံ အခွန်အခ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးသွင်းရမည်လည်း ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Telenor သည် ၎င်းတို့၏ ပေးသွင်းရမည့် အခွန်အခများအနက် ၇၅ ရာခိုင်နှုန်းကို လက်ရှိပေး သွင်း ထားပြီး ကျန်ရှိသော ၂၅ ရာခိုင်နှုန်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပေးသွင်းရမည်ဟု သိရသည်။

Telenor ထုတ်ပြန်ချက်အရ လုပ်ငန်းစဉ်အတွက် ငွေပေးချေမှုများအနက် ဒေါ်လာဖြင့် ငွေပေးချေရာတွင် ရာခိုင်နှုန်း ထက်ဝက်ကျော်သည် အစိုးထံသို့ဖြစ်ကြောင်း၊ လက်ရှိ အချိန်၌ အော်ပရေတာ လုပ်ငန်းမှ ပြန်လည်ရရှိလာသည့် ငွေကြေးများကို Telenor ၏ ရှယ်ယာရှင်များထံ ပြန်လည်ခွဲဝေပေးခြင်း မရှိဘဲ မြန်မာနိုင်ငံ အတွင် ပြန်လည် ရင်းနှီးမြှုပ်နှံမှုများကိုသာ ပြုလုပ်နေရကြောင်း သိရသည်။

Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg ၏ ပြောဆိုချက်အရ ကွန်ရက်ချဲ့ထွင်မှုအနေဖြင့် Spectrum ဝယ်ယူရန် စီစဉ်နေခြင်းသည် ဆက်သွယ်ရေးကွန်ရက်အတွက် လမ်းကြောင်း မိုပိုကျယ်ပြန့်လာမည်ဖြစ်ပြီး အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေလာမည်ဟု သိရသည်။

Spectrum နှင့်ပတ်သက်၍ လက်ရှိအချိန်၌ စီမံခန့်ခွဲမှုများကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန လုပ်ကိုင်နေခြင်းဖြစ်ပြီး Spectrum နှင့်ပတ်သက်သော နည်းဥပဒေများလည်း မူကြမ်းအဖြစ် ရေးဆွဲထား ပြီဖြစ်သည်။



Credit==>internetjournal

Thiha Htike(THT)

0 comments:

Post a Comment