မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် ဗီယက်နမ် ကုမ္ပဏီတစ်ခု တရားဝင်လိုင်စင် ရရှိ




ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် FPT အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်းဝန်ဆောင်မှု (fixed- line service) ကို လုပ်ကိုင်ရန်အတွက် လိုင်စင်ချထားပေး လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

ထို့ကြောင့် အဆိုပါ ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီသည် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် စတင်၍ ရင်းနှီးမြှုပ်နှံသွားတော့ မည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် FPT ဆက်သွယ်ရေး ကုမ္ပဏီအား ပြည်တွင်း၌ ၁၅ နှစ်သက်တမ်းရှိ လုပ်ကိုင်ခွင့်လိုင်စင်ကို ချထားပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဗီယက်နမ်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်မှုလိုင်းများ ပိုမိုကောင်းမွန်လာစေရေးကို အဓိရည်မှန်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အထက်ပါ ဝန်ကြီးဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့သော ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် e-Commerce ဝန်ဆောင်မှု၊ Online Game ဝန်ဆောင်မှုနှင့် အခြားသော အိုင်စီတီနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကိုပေးရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

ပြည်ပဆက်သွယ်ရေးအော်ပရေများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီအချိန်အထိ ဆက်သွယ်ရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက် မှု အလွန်နည်းခဲ့သော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများ အလုံးအရင်းနှင့် ဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်၍ အချိန်အနည်းငယ်အတွင်း အလျင်အမြန်တိုးတက်မှုရှိလာခဲ့သည်ဟု ဆက်သွယ်ရေး နယ်ပယ်မှ လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။

အဆိုပါ ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီသည် နိုင်ငံပေါင်းစုံပါဝင်သည့် ကုမ္ပဏီအမျိုးအစားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အခြေချစတင်လုပ်ကိုင်နေပြီဖြစ်သည်။ FPT သည် ရန်ကုန်မြို့၌ Software Development Center တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

Credit==> internetjournal

Thiha Htike(THT)


0 comments:

Post a Comment