သတင်းအချက်အလက် နည်းပညာတက္ကသိုလ် Open Campus ပြုလုပ်မည်




ဗဟန်းမြို့နယ်ရှိ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ထားသော သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology - UIT) တွင် Open Campus အား သြဂုတ်လ ၁၀ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ Open Campus တွင် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များ၊ Mobile Apps များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အား လေ့ကျင့်သင်ကြားပေးနေမှုပုံစံနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာနေပုံများကို ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

Open Campus ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ စိတ်ပါဝင်စားသည့် အထူးပြုဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်နှင့် အများပြည်သူများမှ တက္ကသိုလ်၏ လုပ်ဆောင်နေမှုများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်လိုသူများအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(University of Information Technology - UIT) အမှတ်(၁၄-၂၀)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း- ဝ၁-၅၃၇၃၉၃ ၊ ဝ၁-၅၃၄၃၁၅ သို့ ဆက်သွယ်စုံစမ်း တက်ရောက်နိုင်မည်ဖြစ်သည်။


Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment