ဂိမ်းစက်များအတွက် တားမြစ်ချက်အားလုံးကို တရုတ် ရုပ်သိမ်း


၂၀၁၄ ခုနှစ်က စတင်ခဲ့သော pilot reform အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ဂိမ်းစက်များအတွက် ကာလကြာရှည် တားမြစ်ချက်များကို အပြီးတိုင် ရုပ်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အတွက်ကြောင့် Sony, Nintendo နှင့် Microsoft တို့အနေဖြင့် တရုတ်နိုင်ငံအတွင်း ဗီဒီယိုဂိမ်းစက်များ ထုတ်လုပ်ရောင်းချခြင်းကို မည်သည့်အတားအဆီးမှ မရှိဘဲ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

ဗီဒီယိုဂိမ်းထုတ်လုပ်သူများကမူ တားမြစ်ချက်များကို ဆက်လက်လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်များကို အစိုးရထံမှ ရယူရမည် ဖြစ်သည်။ ထို့အပြင် အရောင်းမြှင့်တင်မှုများ ပြုလုပ်ရာတွင်လည်း နိုင်ငံ၏ စည်းလုံးမှုကို ထိခိုက်စေခြင်း နှင့် ပြည်သူများ၏ အကျင့်စာရိတ္တကို ထိပါးစေခြင်း မရှိရန် ပြုလုပ်ရမည် ဖြစ်သည်။

အဆိုပါ ကန့်သတ်ချက်များ ရုပ်သိမ်းမှုကြောင့် ယခုအခါ Xbox, PlayStation နှင့် Wii တို့ကို တရုတ်နိုင်ငံ၏ ဈေးကွက်၌ တားမြစ်ချက်များမရှိဘဲ ဝယ်ယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် ယခင်က Shanghai Free Trade Zone မှ ထုတ်လုပ်ထားသော ဂိမ်းစက်များကိုသာ ဝယ်ယူခွင့်ရရှိခဲ့သည်။

တရုတ်နိုင်ငံတွင် ဂိမ်းစက်များ ထုတ်လုပ်ရောင်းချရန် တားမြစ်မှုများကို ၂၀၀၀ ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့ တားမြစ်မှုများကြောင့် တရုတ်နိုင်ငံရှိ ဂိမ်းကစားသူများက မှောင်ခိုဈေးကွက်မှ ဂိမ်းစက်များကို အားထားခဲ့ရသလို အစိုးရက တားမြစ်ထားသည့် ဂိမ်းများကိုလည်း တရားမဝင်ရောင်းချသူများထံမှ ဝယ်ယူကစားခဲ့ရသည်။

၎င်းကန့်သတ်တားမြစ်ချက်များကြောင့် တရုတ်နိုင်ငံ၏ ကွန်ပျူတာ၊ အွန်လိုင်းနှင့် မိုဘိုင်းဂိမ်း တိုးတက်မှုနှုန်းမှာ အနည်းငယ် နှေးကွေးခဲ့ရသည်။

Sony, Nintendo နှင့် Microsoft ကမူ တရုတ်နိုင်ငံ၏ တားမြစ်ချက်အားလုံး ရုပ်သိမ်းမှုအပေါ် ထင်မြင်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိပေ။

Ref: CNN
Credit==>internetjournal 

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment