အခြေခံပညာအထက်တန်းပြီးသူများ မကာအို အစိုးရ တက္ကသိုလ်များသို့ လျှောက်ထားနိုင်





မန်မာနိုင်ငံအတွင်းရှိ အထက်တန်းကျောင်းပြီးသူများနှင့် ကောလိပ်ကျောင်းသား၊  ကျောင်းသူများအား မကာအိုအစိုးရတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားရန်အတွက် မကာအိုမြန်မာ ချစ်ကြည်ရေးအသင်း (Macau Myanmar Friendship Association) မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တရုတ်နိုင်ငံ၏  "One  Belt  One Road" မူဝါဒအကောင်အထည်ဖော်မှုနှင့်အတူ မကာအိုမြန်မာချစ်ကြည်ရေးအသင်း (Macau Myanmar  Friendship  Association) သည် မြန်မာနိုင်ငံတော်အစိုးရကို အထောက်အကူပြုကာဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ အတွက် မကာအိုအစိုးရမှ ပညာသင်ဆုငွေလျှောက်ထားနိုင်သည့်အပြင် မကာအိုအစိုးရတက္ကသိုလ်တွင်  စာရင်းသွင်းပညာသင်ယူနိုင်သည်။ တစ်နှစ်ပတ်လုံး၏ ကျောင်းစရိတ်နှင့် လူနေမှုကုန်ကျစရိတ်ကို မကာအိုအစိုးရက ထောက်ပံ့ပေးမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၃ မှ ၂၆ ရက်အထိ မကာအိုမြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Jose Wong၊ ဒုညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူး Mr.Tim Wong၊ ဒုညွှန်ကြားရေးမှူး Mr. Benny Zeng နှင့် တာဝန်ရှိသူအသီးသီးတို့သည် University of Macau, Macau Polytechnic Institute, Institute for Tourism Studies (ဤသုံးကျောင်းသည် မကာအိုအစိုးရတက္ကသိုလ်) Macau University of Science and Technology, University of Saint Joseph နှင့် City University of Macau (ဤသုံးကျောင်းသည် မကာအိုပုဂ္ဂလိက တက္ကသိုလ်) များကို အတူတက် ရောက်လေ့လာခဲ့သည်။ မကာအို မြန်မာချစ်ကြည်ရေး အသင်းသည် အထက်ပါ တက္ကသိုလ် ၆ ကျောင်း များနှင့်အတူ ပူးပေါင်းဆောင်ရွက် ပြီး သယံဇာတခွဲဝေမှုအောင်မြင် ရန်၊ ပညာရေးတိုးတက်ရန်နှင့် ထူးချွန်ထက်မြတ်သော ပုဂ္ဂိုလ်တိုးမြှင့်ရန် အထူးပြုလုပ်ဆောင်သည်။

မကာအိုမြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr.Jose Wong က တရုတ်၊ မကာအိုနှင့် မြန်မာနိုင်ငံ တို့၏ ချစ်ကြည်ရေး ပိုမိုခိုင်မြဲသော မျှော်လင့်ချက်၊ စီးပွားရေး၊ ကုန် သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးဖလှယ်မှုအကြောင်းများ ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုနှစ် ၈ လပိုင်းကုန် ၉ လပိုင်းအစောပိုင်းတွင် မကာအိုတက္ကသိုလ်များ ကျောင်းဖွင့်ချိန်ဖြစ်ပြီး အထက်ပါ မကာအိုအစိုးရတက္ကသိုလ်သုံးကျောင်းသည် ကျောင်းသား၊ ကျောင်းသူများ လက်ခံနေဆဲဖြစ်သည်။ ပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများသည် (အင်္ဂလိပ်စာပွင့်လင်းစာမေးပွဲ ဥပမာ IELTS 6.0 သို့ TOEFL 550 နှင့် သင်္ချာထူးချွန်) မြန်မာနိုင်ငံအစိုးရ (ပြည်နယ်ဦးစီးဌာနသို့ ပညာရေးဦးစီးဌာန) မှထောက်ခံစာလျှောက်ယူပြီး ဤသုံးကျောင်း၌ စာရင်းသွင်း ကျောင်းအပ်နိုင်သည်။

တခြားကျန်ရှိသော မကာအိုပုဂ္ဂလိကတက္ကသိုလ် သုံးကျောင်းသည် မြန်မာနိုင်ငံအ စိုးရ၏ ထောက်ခံစာမလိုဘဲ တိုက် ရိုက်စာရင်းသွင်းကျောင်းအပ်နိုင် သည်။ အသေးစိတ် ထပ်မံသိလိုသူများသည် Email: mmfa2015ma@gmail.com (သို့) Wechat: Timwong_Myanmar (သို့) ဖုန်း - +၈၅၃ ၆၃၂၆၁၀၆၀ (အတွင်းရေးမှူး Mr.Tim Wong)  သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်သည်။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com


0 comments:

Post a Comment