၅.၇ လက်မ Moto X Sytle စမတ်ဖုန်းကို Motorola မိတ်ဆက်

Motorola သည် ကုမ္ပဏီ၏ နောက်ဆုံးပေး Android ဖုန်းဖြစ်သော တတိယမျိုးဆက် Moto X Style ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းသစ်သည် ယခင် Moto X ဗားရှင်းများကဲ့သို့ပင် ဖုန်းကို အရောင်နှင့် အစိတ်အပိုင်းများကာ စိတ်ကြိုက်ရွေးချယ်တပ်ဆင်ပြီး ဝယ်ယူနိုင်မည် ဖြစ်သည်။ ၎င်းတွင် ၅.၇ လက်မ Quad HD display ကို အသုံးပြုထားပြီး ကျောဘက်တွင် 21MP ကင်မရာနှင့် အရှေ့ဘက်တွင် 5MP ကင်မရာတို့ကို ထောက်ပံ့ထားသည်။ ယခင်နှစ် အမျိုးအစားနှင့် မတူသည်မှာ မှန်ဘီလူးအောက်တွင် စက်ဝိုင်းပုံစံ flash ကို အသုံးပြုထားခြင်း ဖြစ်သည်။

Moto X Style ကို 1.8GHz hexa-core Snapdragon processor, 3GB RAM တို့ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှု အနေဖြင့် 16GB, 32GB, 64GB တို့ဖြင့် ရရှိနိုင်ပြီး microSD slot မှတစ်ဆင့် 128GB အထိ အသုံးပြုနိုင်သည်။ Android Lollipop 5.1.1 ကို အသုံးပြုထားပြီး bloatware နှင့် skin များ မပါဝင်ကြောင်း Motorola မှ ပြောကြားခဲ့သည်။

ဘက်ထရီမှ 3,000mAh ဖြစ်ပြီး ၁၅ မိနစ်အားသွင်းရုံဖြင့် ၁၀ နာရီအထိ အသုံးပြုနိုင်ကြောင်း သိရသည်။
Moto X Style ကို စက်တင်ဘာလတွင် အမေရိကန်၌ ၃၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ ၎င်းကို Motorola.com, Amazon နှင့် Best Buy တို့မှ ဝယ်ယူနိုင်သည်။

Motorola သည် Moto X Style နှင့်အတူ Moto G နှင့် Moto X Play တို့ကိုလည်း မိတ်ဆက်ပေးခဲ့သည်။

Ref: TheNextWeb
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment