iPad အရွယ် Galaxy Tab S2 ကို Samsung မိတ်ဆက်




Samsung သည် ၉.၇ လက်မနှင့် ၈ လက်မ အမျိုးအစားများဖြင့် ရရှိနိုင်မည့် tablet သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို သြဂုတ်လတွင် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ကုန်သစ်သည် ပေါ့ပါးပြီး ပါးလွှာသည့် သတ္တုဘောင်များဖြင့် တည်ဆောက်ထားသည်။ အထူမှာ ၉.၇ လက်မအတွက် ၅.၆ မီလီမီတာသာရှိပြီး အလေးချိန်မှာ ၃၈၉ ဂရမ်သာရှိသည်။ ၈ လက်မအမျိုးအစားမှာ ၂၆၅ ဂရမ်သာရှိသည်။ ၎င်းတို့တွင် 20148 x 1536 resolution ဖြင့် သုံးနိုင်မည့် Super AMOLED display များနှင့်အတူ Quad 1.9GHz နှင့် Quad 1.3GHz octacore ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ထပ်ဆောင်းသိုလှောင်မှုပမာဏ 128GB အထိ သိမ်းဆည်းနိုင်ရန်အတွက်လည်း microSD slot တစ်ခု ပါဝင်သည်။



http://www.internetjournal.media/sites/all/modules/contrib/ckeditor/ckfinder/core/connector/php//images/1%2B2.jpg

၈ လက်မ Galaxy Tab S2 WiFi အမျိုးအစားကို ယူရို ၃၉၉ ဖြင့်လည်းကောင်း၊ LTE အမျိုးအစားကို ယူရို ၄၆၉ ဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်ပြီး ၉.၇ လက်မ WiFi အမျိုးအစားကို ယူရို ၄၉၉ နှင့် LTE အမျိုးအစားကို ယူရို ၅၆၉ ဖြင့်လည်းကောင်း ရောင်းချသွားမည်ဟု SamMobile မှ ဖော်ပြခဲ့သည်။
၎င်း tablet များကို အဖြူရောင် အနက်ရောင်တို့ဖြင့် ရရှိနိုင်ပြီး သြဂုတ်လတွင် တင်ပို့ရောင်းချမည်ဟု သိရသည်။

Ref: The Verge

Credit==>internetjournal

Thiha Htike(THT)


0 comments:

Post a Comment