သုံးစွဲသူများ၏ ဗွီဒီယိုများကို ရောင်းချနိုင်ရန် ကူညီပေးမည့် ဝက်ဘ်ဆိုက်ကို GoPro စတင်


GoPro သည်သုံးစွဲသူ၏ ဗွီဒီယို ဖိုင်များအတွက် ခွင့်ပြုချက်ရယူရန် ဝက်ဘ်ဆိုက်အသစ်ကို စတင် ခဲ့သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် ကြော်ငြာရှင်များနှင့် သတင်းဖော်ပြ သူများသည် သုံးစွဲသူများ၏ action ကင်မရာများဖြင့် ရိုက်ကူးထားသော သက်ငြိမ်ဓာတ်ပုံနှင့် ဗွီဒီယိုများ အသုံးပြုရန် မူပိုင်ခွင့်အတွက် ငွေပေးချေရမည် ဖြစ်သည်။

ဗွီဒီယိုများကို ၆ လ အသုံးပြုမှုအတွက် ကန်ဒေါ်လာ ၁,၀၀၀ (ပေါင်စတာလင် ၆၄၀) ကျသင့်မည် ဖြစ်ကြောင်း ဈေးနှုန်းလျှော့ချရန် စီစဉ်ထားကြောင်း GoPro ကပြောကြားခဲ့သည်။

ယခုဝက်ဘ်ဆိုက်သည် အပျော်တမ်းနှင့် ကျွမ်းကျင်သူ၏ အကြောင်းအရာများအကြား ခြားနားထားသောမျဉ်းများ မှေးမှိန်သွားသည့် သက်သေဖြစ်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ GoPro ထုတ်ကုန်များဖြင့် ဖန်တီးထားသော ဗွီဒီယိုများသည် ကျွမ်းကျင်အဆင့်ဖြင့် ရုပ်သံထုတ်လွှင့်မှု ပြုလုပ်နိုင်သည့် အရည်အသွေးရှိကြောင်း သုတေသန ကုမ္ပဏီ Enders Analysis မှအီယန်မော့က ပြောဆိုခဲ့သည်။ ထိုသို့ ခွင့်ပြုချက်တောင်းခံသည့် portal သစ်သည် ဗွီဒီယိုများကို ဈေးကွက်တင် ရောင်းချလိုပြီး ဖန်တီးမှုပြုလုပ်လိုသော GoPro သုံးစွဲသူအတွက် platform တစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်များက GoPro ၏ camcorder ဖြင့် ဗွီဒီယိုများ ရိုက်ကူးရန် တွန်းအားပေးကြောင်း ၎င်းကပြောဆိုခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုသည် ကြော်ငြာများ ထည့်သွင်းခြင်းဖြင့် ဗွီဒီယိုများမှ ဝင်ငွေရရှိသော YouTube အပါအဝင် အခြားဗွီဒီယို streaming ဆိုက်များ၏ ရွေးချယ်စရာ တစ်ခုဖြစ်လာပြီး 500px နှင့် Eye Em platform များမှ ထောက်ပံ့ပေးသော ဓာတ်ပုံခွင့်ပြုချက် ဝန်ဆောင်မှုနှင့် ဆင်တူသည်။

လက်ရှိတွင် GoPro သည် ၎င်းဝန်ဆောင်မှုအတွင်း ဗွီဒီယိုရောင်းချခြင်းနှင့် ဝယ်ယူမှုအတွက် ထောက်ခံမှု ပြုလုပ်ထားသော သုံးစွဲသူများကို အကန့်အသတ်ဖြင့် အသုံးပြုခွင့် ပေးလျက်ရှိသည်။ GoPro ၏ ဝန်ဆောင်မှု စတင်ချိန်တွင် ဝက်ဘ်ဆိုက်အတွင်း ဗွီဒီယိုပေါင်း ၆၀၄ ခုရှိပြီး ဗွီဒီယိုအချို့မှ 4K ultra-high definition format ဖြစ်ကြောင်း သိရသည်။

Ref: BBC
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment