ဒီ Application လေးကတော့ မိမိတို့အတွက် အသုံးဝင် Application တွေကို
မပျောက်ပျက်အောင် Backup လုပ်ယူပြီး သိမ်းဆည်းထားနိုင်ပါတယ်...
Android ဖုန်း ကိုင်ဆောင်သူတိုင်း ဆောင်ထားသင့်ပါတယ်..
အသုံးပြုနည်းကတော့ အရမ်းရိုးရှင်းပါတယ်...
အောက်မှာ ပေးထားတဲ့ Download Link မှတဆင့် Application ကို ဒေါင်းယူပါ...
App Backup & Restore App ကို Install လုပ်ပါ..
App Backup & Restore App ကို ဖွင့်လိုက်ပါ...
မိမိအသုံးပြုလိုတဲ့ App တွေကို Select မှတ်ပြီး Backup လုပ်ပါ..
100% Done ဆိုရင် Backup လုပ်တာ ပြီးဆုံးသွားပါပြီ...
ပို သေချာသွားအောင် My File ကို ဖွင့်ပြီး App_Backup_Restore ဆိုတဲ့ Folder ကို Copy or Move လုပ်ပြီး SD Card ထဲမှာ သိမ်းဆည်းထားလိုက်ပါ...
System Update လုပ်လိုက်လို့ပဲဖြစ်ဖြစ် ၊ Firmware
ပြန်တင်လိုက်ရလို့ပဲ ဖြစ်ဖြစ် ၊ ဖုန်းလေးနေလို့
Factory Reset ချလိုက်လို့ပဲ ဖြစ်ဖြစ်
အကြောင်းတစုံတရာကြောင့် ဖုန်းက မူလအတိုင်း ဖြစ်သွားခဲ့ရင် Application တွေကို အချိန်ကုန်ခံပြီး ပြန်လည်ဒေါင်းယူစရာမလိုတော့ပဲ My File > SD Card မှ App_Backup_Restore Folder ကို ဖွင့်ပြီး အလွယ်တကူ Install ပေးလိုက်တာနဲ့ အချိန်ကုန် သက်သာပြီး အဆင်ပြေသွားစေမှာ ဖြစ်ပါတယ်..။
2 comments:
blogမှာ ဆက်ဖတ်၇န် လုပ်နည်းလေးပြောပြပေးပါလားအစ်ကို
kkyan70@gmail.com
CDMA800 အတွက် apn ကိုပြောပြပေးပါခင်ဗျာ
41403 အတွက် apn နဲ့ အဆင်မပြေလို့ပါ
အခုက 46003 ဖြစ်နေလို့ပါ
Post a Comment