Samsung Galaxy Note 5 တွင် Exynos CPU နှင့် 4GB RAM ပါဝင်လာဖွယ်ရှိ




အသစ်ထွက်မည့် Samsung Galaxy Note 5 တွင် Samsung Exynos 7422 processor ပါဝင်လာဖွယ်ရှိကြောင်း GSM Arena မှ ဖော်ပြချက်အရ သိရသည်။

၎င်းသည် Galaxy S6 နှင့် Galaxy S6 Edge တွင် အသုံးပြုထားသော Exynos CPU ထက် ပိုမိုကောင်းမွန်ဖွယ်ရှိပြီး integrated GPU နှင့် modem တစ်ခု ပါဝင်ဖွယ်ရှိကြောင်း ဆိုသည်။
 
အခြား အချက်အလက်များ အနေဖြင့် internal storage 32GB နှင့် 4GB RAM ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ သို့ရာတွင် microSD card ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။

ကောလာဟလ သတင်းများအရ display မှာ ၅.၇ လက်မ 2560 x 1440 pixel ဖြစ်ကြောင်း သိရသည်။
Samsung သည် သြဂုတ်လ ၁၃ ရက်တွင် ကျင်းပမည့် ပွဲတစ်ခု၌ Galaxy Note 5 ကို Galaxy S6 Edge+ နှင့်အတူ ပွဲထုတ် မိတ်ဆက်သွားဖွယ်ရှိသည်။

*** သတင်းဖော်ပြပါပုံမှာ Samsung Galaxy Note 4 ပုံ ဖြစ်သည် ***

Ref: CNET
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com


0 comments:

Post a Comment