E-sports ကစားသမားများကို ဆေးစစ်မည်ဟု ကမ္ဘာ့အကြီးဆုံး e-sports အဖွဲ့ ပြောကြား



ကမ္ဘာ့အကြီးဆုံး e-sports အဖွဲ့အစည်းဖြစ်သော Electronic Sports League (ESL) က e-sports ကစားသမားများ ဆေးစစ်မှုကို သြဂုတ်လတွင် ဂျာမနီနိုင်ငံ၌ကျင်းပမည့် ပြိုင်ပွဲတစ်ခု၌ စတင်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။


အဆိုပါ သတင်းသည် Counter-Strike: GO ၏ နာမည်ကျော် ကစားသမား ကိုရီဖရိုဆန်က ၎င်းတို့၏အသင်း Cloud9 ကို ရည်ညွှန်းကာ မိမိတို့သည် Aderrall စိတ်ကြွဆေးကို သုံးစွဲခဲ့ကြကြောင်းနှင့် ၎င်းစိတ်ကြွဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Adderall ကို အာရုံမစိုက်နိုင်သောရောဂါ (ADHD) နှင့် နေ့ဘက်တွင် အိပ်ချင်ပြီး ညဘက်တွင် အိပ်မရသောရောဂါ (narcolepsy) တို့အား ကုသရာတွင် အသုံးပြုကြသလို ဘေးထွက်ဆိုးကျိုးအနေဖြင့် အချိန်တိုင်း တက်ကြွနေပြီး အနိုင်အရှုံးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော Counter-Strike ကဲ့သို့ e-sports ဂိမ်းများကို ကစားသူများကလည်း အသုံးပြုလာကြသည်။

သို့ရာတွင် စိတ်ကြွဆေး သုံးစွဲမှုကို စစ်ဆေးတွေ့ရှိခဲ့ပါက မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ဆိုခြင်းကိုမူ ESL မှ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။

ကမ္ဘာ့နာမည်အကျော်ဆုံး e-sports ပြိုင်ပွဲဖြစ်သည့် The International ကို သြဂုတ်လ ၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး စံချိန်တင် စုစုပေါင်းဆုကြေး အမေရိကန်ဒေါ်လာ ၁၇.၂ သန်း ချီးမြှင့်မည်ဟု သိရသည်။


Ref: TheVerge

Credit==internetjournal

Thiha Htike(THT)

0 comments:

Post a Comment