၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားသမျှ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းဖြစ်လာနိုင်တဲ့ HTC One M9+



ဧပြီလအစမှာ စတင်မိတ်ဆက်ခဲ့တဲ့ HTC One M9+ ဟာ ကိုယ်ထည်တစ်ခုလုံးသတ္တုနဲ့  ပြုလုပ်ထားတဲ့ HTC M9 နဲ့ ပုံစံတူပေမယ့် ဒီဖုန်းနှစ်လုံးကြားမှာ ကွဲပြားချက်တွေတော့ ရှိနေပါတယ်။ HTC One M9+ ဟာ One M9 ထက် ပိုမိုကြီးမားတဲ့ ၅.၂ လက်မ မျက်နှာပြင်ပါရှိပြီး 2560×1440 pixel ဖြစ်တာကြောင့် M9 ထက် ရုပ်ထွက် ပိုမို ကောင်းမွန်လာပါတယ်။ 
Qualcomm ပရိုဆက်ဆာကို အသုံးပြုထားတဲ့ One M9 ဖုန်းဟာ chipset အပူချိန်မြင့်မားတယ် လို့ ဝေဖန်စာတွေ ရရှိပြီးနောက်မှာ HTC ဟာ ယခု M9+ မှာ MediaTek Helio X10 ပရိုဆက်ဆာကို အစားထိုးအသုံးပြုထားပါတယ်။ အနောက်ဘက်မှာ 20 megapixels duo camera ပါဝင်ပြီး အရှေ့ ဘက်မှာတော့ 4 MP ကင်မရာကို အသုံးပြုထားပါတယ်။ 
HTC ဟာ ပြိုင်ဘက်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Note 4 နဲ့ iPhone 6 Plus တို့ ကို ပြိုင်ဆိုင်တဲ့အနေနဲ့ M9+ မှာ လက်ဗွေရာစနစ်စကင်နာကို အသစ်ထည့်သွင်း ထားပါတယ်။M9+ ရဲ့ ဈေးနှုန်းကို ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် မကြာခင်မှာ ဥရောပမှာ စတင်ဖြန့် ချိတော့မယ်လို့ သိရပါတယ်။

0 comments:

Post a Comment