စမတ်နာရီများတွင် လုံခြုံရေးပြဿနာများရှိကြောင်း HP ပြောကြား



ဈေးကွက်တွင် ရောင်းအားမြင့်တက်လျက်ရှိသော စမတ်နာရီအားလုံး၌ လုံခြုံရေးပြဿနာများရှိကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Hewlett-Packard မှ ပြောကြားလိုက်သည်။

HP သည် password ကာကွယ်မှုစနစ်နှင့် အချက်အလက် encrypt ပြုလုပ်ခြင်းတို့ အပါအဝင် စမတ်နာရီ ၁၀ မျိုး၏ လုံခြုံရေး feature များကို စမ်းသပ်ခဲ့ပြီးနောက် ၎င်းစမတ်နာရီ အားလုံးတွင် အနည်းဆုံး လုံခြုံရေးအားနည်းချက်တစ်ခု ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုခဲ့သည်။

လုံခြုံရေးကျွမ်းကျင်ပညာရှင် တစ်ဦးကမူ စမတ်နာရီ ထုတ်လုပ်သူများအနေဖြင့် သုံးစွဲသူများ၏ လုံခြုံရေးအတွက် အလေးပေး အာရုံစိုက်ရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

“ဒီနည်းပညာနယ်ပယ်မှာ ရှေ့ပြေးတစ်ယောက်ဖြစ်ဖို့အတွက် ထုတ်လုပ်သူတွေက သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလေးထားခြင်းမရှိဘဲ ထုတ်ကုန်တွေ ထုတ်လုပ်ခဲ့ကြတယ်လို့ ယူဆပါတယ်” ဟု ESET အွန်လိုင်းလုံခြုံရေးအဖွဲ့မှ လုံခြုံရေးကျွမ်းကျင်ပညာရှင် မာ့ခ်ဂျိမ်းစ်က ပြောကြားခဲ့သည်။

HP ကမူ အင်တာနက်ချိတ်ဆက်ထားသော ထုတ်ကုန်များအတွက် စံသတ်မှတ်ရန် Open Web Application Security Project (OWASP) မှ အကြံပြုထားသော လုံခြုံရေး feature များအတွက် ထိပ်တန်း စမတ်နာရီ ၁၀ မျိုးကို စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

HP ၏ ရှာဖွေတွေ့ရှိချက်များမှာ -

- သုံးစွဲသူများ သိုလှောင်ထားသော အချက်အလက်များကို အခြားသူများ သုံးစွဲနိုင်ခြင်းမှ 
ကာကွယ်ပေးသည့်စနစ်က စမတ်နာရီအားလုံး၏ ထက်ဝက်ခန့်တွင်သာ ပါဝင်ခြင်း

- စမတ်နာရီ ၉ မျိုးသည် ကြားဖြတ်ရယူနိုင်သော encrypt မလုပ်ထားသည့် အချက်အလက်အချို့ ပေးပို့ခြင်း

- စမတ်နာရီ သုံးပုံတစ်ပုံသည် ဟက်ကာများက password များကို ခန့်မှန်းနိုင်စေမည့် login ဝင်ရောက်ရန် 
ကြိုးပမ်းမှုကို အကန့်အသတ်မရှိ ခွင့်ပြုထားခြင်း

- စမတ်နာရီ ခိုးယူခံရသည့်အခါ အခြားဖုန်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခြင်းတို့ ဖြစ်သည်။

“အခုလို ရလဒ်များကို တွေ့ရှိခဲ့ရတဲ့အတွက် စိတ်ပျက်မိပေမယ့် မအံ့သြမိပါဘူး” ဟု HP က ပြောကြားခဲ့သည်။


Ref: BBC

Credit==> internetjournal

Thiha Htike(THT)

0 comments:

Post a Comment