ကမ္ဘာ့စမတ်နာရီ ဈေးကွက်ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို Apple Watch ပိုင်ဆိုင်ထား



Apple Watch သည် သုံးလအတွင်း ကမ္ဘာ့စမတ်နာရီ ဈေးကွက်ရှယ်ယာ ၇၅.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ကြောင်းနှင့် ကမ္ဘာ့တစ်ဝန်းသို့ Apple Watch တင်ပို့ရောင်းချမှု ၄ သန်းခန့် ရှိခဲ့ကြောင်း Strategy Analytics သုတေသနအဖွဲ့မှ ထုတ်ပြန်ခဲ့သော WatchAware အစီရင်ခံစာအရ သိရသည်။


Samsung ၏ စမတ်နာရီ ဈေးကွက်ရှယ်ယာမှာ သုံးလအတွင်း ၇၃.၆ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ အခြား စမတ်နာရီကုမ္ပဏီများ၏ ဈေးကွက်ရှယ်ယာသည်လည်း Apple Watch ကြောင့် ကျဆင်းသွားခဲ့ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Apple Watch ကို မိတ်ဆက်ခြင်းသည် စမတ်နာရီဈေးကွက် တစ်ခုလုံးအပေါ် ကြီးမားသည့် သက်ရောက်မှုရှိခဲ့ပြီး စုစုပေါင်း တိုးတက်မှုနှုန်းမှာ ၄၅၇ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအထိ စမတ်နာရီ ရောင်းချမှုနှုန်းသည် ပြီးခဲ့သည့်နှစ် တစ်နှစ်လုံးထက် သာလွန်ခဲ့ကြောင်းလည်း Strategy Analytics မှ ပြောကြားခဲ့သည်။

Strategy Analytics သည် ကမ္ဘာတစ်ဝန်း Apple Watch များ တင်ပို့ရောင်းချမှု အချက်အလက်များကို စုဆောင်းဖော်ပြခဲ့သည်။ Apple သည် ၎င်း၏ စမတ်နာရီ ၄ သန်းခန့်ကို တင်ပို့ရောင်းချခဲ့ပြီး Samsung ၏ တင်ပို့ရောင်းချမှုနှုန်းက ၄၀၀,၀၀၀ ခန့်သာ ရှိခဲ့ကြောင်း အဆိုပါ သုတေသနအဖွဲ့မှ ဖော်ပြခဲ့သည်။


Ref: MacWorld

Credit==>internetjournal 

Thiha Htike(THT)


0 comments:

Post a Comment