♪ “မီဒီယာသမားများအတွက် Google အား ထိရောက်စွာအသုံးပြုနိုင်စေမည့် နည်းလမ်းများ” ♫


Google ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ Vice President ဖြစ်တဲ့ Mr. Mike Nelson က မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့စဉ်တုန်းက သူ့ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာသမားများအား ဖိတ်ကြားပြီး MICT Park ပင်မဆောင်မှာ 'Google for Media' တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ ယင်း workshop သို့ စာရေးသူ တက်ရောက်ခဲ့ပြီး မြန်မာမီဒီယာလောကမှ အယ်ဒီတာများ၊ သတင်းထောက်များ၊ ဗီဒီယို ဂျာနယ်လစ်များ၊ စာရေးဆရာများ၊ မီဒီယာလုပ်ငန်းပိုင်ရှင်များ၊ ကွန်ပျူတာ ပညာရှင်များစွာ တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ယင်း workshop မှာ Google မှတာဝန်ရှိသူများဖြစ်တဲ့ Amy Kunrojpanya, Head of Communications & Public Affairs, Indonesia & Greater Mekong နှင့် DivonLan, Product Manager, Google တို့က မီဒီယာသမားများအတွက် google ကိုအကျိုးရှိရှိအသုံးပြုနိုင်မယ့် နည်းလမ်းများကို ရှင်းပြပေးခဲ့ပါတယ်။ တကယ်တော့ မီဒီယာသမားများအတွက်သာမက သတင်းအချက်အလက် များကို ပိုမိုထိရောက်စွာ ရှာဖွေလိုသူများအတွက်လည်း အသုံးတည့် လှပါ တယ်။ဒီ Workshop လေးဟာ မီဒီယာသမားများအတွက် အလွန်တရာ အဖိုးတန်လှပါတယ်။ ကျွန်တော်တို့အနေနဲ့ အချက်အလက်များ ရှာဖွေတဲ့ အခါ google ဆိုတဲ့ Search Engine ကိုအဓိကထားအသုံးပြုနေရပါတယ်။

သို့သော်လည်း သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုတိတိကျကျ အသုံးမချနိုင် သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အားဖြင့် ကျွန်တော်တို့ သိချင် တဲ့စာလုံးကို Google Search Box မှာပဲရိုက်ထည့်ကာရှာဖွေလေ့ရှိပါတယ်။ အဲဒီလိုရိုက်ထည့်ရှာဖွေလိုက်တဲ့ အခါထွက်ပေါ်လာ မယ့် result တွေက ကျွန်တော်တို့လိုချင်တဲ့ သတင်းအချက်အလက်တွေနဲ့ တိုက်ရိုက် သက်ဆိုင် ချင်မှ သက်ဆိုင်ပါလိမ့်မယ်။ ထို့ပြင် မီဒီယာသမားများအဖို့ အကိုးအကားပြုဖို့ အချိန်ကာလအလိုက် စာရင်းဇယားများ၊ သရုပ်ပြပုံများ၊ ဒေသအလိုက် ဘယ် အကြောင်းအရာတွေကလူတွေစိတ်ဝင်စားနေသလဲ၊ ဘယ်အချိန်တွေမှာ လူတွေက ဘယ်အကြောင်းအရာကိုစိတ်ဝင်စားမှု အမြင့် တက်ဆုံးလဲ၊ မိမိတို့ ရေးသားမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာအကိုးအကား ပြုနိုင်ဖို့လိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေကို ဘယ်လိုရှာမလဲ စသဖြင့် များစွာသောသတင်းအချက်အလက်တွေကို ရယူဖို့ လိုအပ်ပါတယ်။

ယခုပြုလုပ်သော Workshop ဟာ media professionals များအတွက် Google experts များက သူတို့ရဲ့ newsroom ထဲမှာ Google tools တွေကို ဘယ်လိုအသုံးချရမလဲ၊ သတင်းလိုက်ရာ field တွေထဲမှာ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေ ဘယ်လို အသုံးပြုမလဲစတာတွေကို သိရှိနိုင်စေဖို့ ဒီဇိုင်းပြုလုပ်ထားတာပါ။ တကယ်တော့ စာရေးသူအနေဖြင့် Google က မီဒီယာအတွက် ရည်ရွယ်ပြီး သီးသန့်လုပ်ထားတဲ့ Media Tools တွေ ရှိတယ် ဆိုတာကို မသိခဲ့ပါဘူး။ ယခုလိုဖိတ်ကြားမှပဲသိရတာပါ။ ယင်း Media Tools များကို အောက်ပါ Link မှာ လေ့လာနိုင်ပါတယ်။

http://www.google.com/get/mediatools/
ဒီ Workshop မှာတော့ ပထမဆုံး Google မှာထိရောက်စွာရှာဖွေနိုင်မယ့် Search Tips များကို ရှင်းလင်းတင်ပြခဲ့ ပါတယ်။ အဲဒါတွေထဲက စိတ်ဝင်စား စရာလေးတွေကို ဖော်ပြပေးလိုပါတယ်။ တကယ်တော့ Google မှာရှာဖွေ နိုင်မယ့် နည်းလမ်း များစွာရှိလို့ အဲဒါကို ပြည့်ပြည့်စုံစုံဖော်ပြဖို့အတွက်က မလွယ်ပါဘူး။ အင်တာနက်မှာ မိမိတို့ကိုယ်တိုင်ရှာဖွေကာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။စာလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို မသိရှိပါက define ဆိုတဲ့ keyword ကိုအသုံးပြုနိုင်ပါတယ်။ ဆိုကြပါစို့။ သင်က Scrabble ကစား နေတဲ့အခါ 'panacea' ဆိုတဲ့စာလုံးကိုဆက်လိုက်တဲ့အခါ ကိုယ်နဲ့ကစား တဲ့သူက အဲဒီစာလုံးက မရှိပါဘူးလို့ ငြင်းခုန်တဲ့အခါ define panacea လို့ ရိုက်ရှာလိုက်ရင် ယင်းစာလုံးရဲ့ အဓိပ္ပာယ်ထွက်လာမှာဖြစ်ပါတယ်။

စကားစုတွေအလိုက် အတိအကျ အစီအစဉ်အလိုက်ကို ရှာဖွေလိုရင်တော့ အဖွင့်အပိတ် quotation mark တွေထဲမှာ စကားစုတွေကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ အဆိုအမိန့်လိုမျိုး စကားစုတွေအတွက်ပေါ့။ အဲဒီလို quotation mark တွေအတွင်း မှာ မရေးသားဘဲ ရှာဖွေမယ်ဆိုရင်တော့ ယင်းစကားစုထဲမှာပါဝင်တဲ့ စာလုံးတစ်လုံးချင်းစီအလိုက် ရှာဖွေသွားမှာမို့ မိမိတကယ် လိုချင်တဲ့ ရှာဖွေမှုကို ရနိုင်မှာမဟုတ်ပါဘူး။ စကားစုကို ဘယ်လို အဆုံးသတ် ရမှန်းမသိရင်တော့ * ကို အသုံးပြုနိုင်ပါတယ်။ ဥပမာ on a dark desert* ။ကျွန်တော်တို့ရှာဖွေမှုထဲမှာ မပါဝင်စေချင်တဲ့ အကြောင်းအရာ တွေကို “ – “ (minus) သင်္ကေတကိုအသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။

ဥပမာ မလေးရှားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုသိချင်လို့ ရိုက်ထည့် ရှာဖွေတဲ့အခါ MH370 လေယာဉ်ပျက်ကျမှုသတင်းတွေ တက်လာ ကြတာ ကြုံဖူးမှာပါ။ တကယ်ကိုယ်ရှာဖွေချင်တဲ့ အကြောင်းအရာတွေထဲမှာ အဲဒါတွေ မပါစေချင်ဘူးဆိုရင် minus သင်္ကေတသုံးပြီး ဖယ်ထုတ်နိုင်ပါတယ်။
ဥပမာ . Malaysia –MH370 –flight –jetဒီသင်္ကေတကို နောက်တစ်မျိုး သုံးနိုင်ပါတယ်။ ကျွန်တော်တို့က အစားအသောက်တစ်ခုနဲ့ပတ်သက်ပြီး အဲဒီအစား အစာထဲမှာ မပါဝင်ချင်တဲ့ အရာကိုလည်း minus နဲ့ ဖယ်ရှား နိုင်ပါသေးတယ်။ ဥပမာ salsa recipe –tomato ။ ကိုယ်သိချင်တဲ့ အကြောင်းအရာက တစ်ခုတည်းသော website အတွင်းမှာပါဝင်တာ တွေကို ပဲ ရှာစေချင်ရင် site: ကိုသုံးရပါမယ်။ ဥပမာ receipes site:theguardian.com, site:nasa.gov "mars rover"။ ဖိုင်အမျိုးအစား လိုက်ရှာဖွေလိုပါက filetype နဲ့ ရှာရပါမယ်။ ဥပမာ internet users myanmar filetype:pdf။အထက်ပါ အတိုင်းဖော်ပြခဲ့သကဲ့သို့ Search လုပ်မည့် နည်းလမ်းများအားလုံးကို
http://www.powersearchingwithgoogle.com/
http://www.google.com/insidesearch/တို့မှာ လေ့လာနိုင်ပါတယ်။

<ပုံများကိုရှာဖွေခြင်း>
google မှာ ပုံများကို ရှာဖွေကြပါတယ်။ images.google.com မှာရှာဖွေ ကြရမှာ မိမိတို့လိုအပ်သော ပုံများကို စာရိုက် ထည့်ရှာဖွေနိုင်သကဲ့သို့ ဓာတ်ပုံကိုထည့်သွင်းပြီးလည်း ရှာဖွေနိုင်ပါတယ်။ Google search box ဘေးမှာပါဝင်တဲ့ ကင်မရာ ပုံလေးကိုနှိပ်ပြီး မိမိတို့ရှာဖွေလိုတဲ့ပုံကို upload တင်၍သော်လည်းကောင်း၊ ပုံရှိတဲ့ link ကို ထည့်သွင်း၍သော်လည်းကောင်း ရှာဖွေနိုင်ပါတယ်။Diagram ပုံများကို ရှာဖွေလိုပါက diagram ဆိုတဲ့ keyword နဲ့ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဥပမာ anatomy diagram ရိုက်ထည့် ရှာဖွေလိုက်ရင် diagram ပုံများနှင့်တကွ ဖော်ပြထားသော လူ့ခန္ဓာဗေဒပုံ များစွာ ထွက်ရှိလာမှာဖြစ်ပါတယ်။Google ကပုံများကို ရှာဖွေရာမှာ ပုံမှာ ပါဝင်တဲ့ meta data အချက်အလက်များအပေါ်အဓိကထားတွက်ချက်ကာ ရှာဖွေခြင်းဖြစ်ပါတယ်။ Image Search လုပ်ရာမှာ Search Tools များကို သုံးစွဲပြီး မိမိတို့ရှာဖွေလိုတဲ့ ပုံရဲ့အသေးစိတ်အချက် အလက်များကိုပေးကာ ရှာဖွေနိုင်ပါတယ်။ ပုံအရွယ်အစားအလိုက်၊ ကာလာအလိုက်၊ အမျိုးအစား အလိုက်၊ အချိန်အလိုက် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ မိမိတို့ရဲ့ပုံများကို အွန်လိုင်း ပေါ်တင်ရာမှာ Google က မှန်မှန်ကန်ကန်ရှာဖွေနိုင်စေဖို့ meaningful ဖြစ်သော နာမည်ပေးကာ တင်သင့်တယ်လို့ဆိုပါတယ်။ ၁၂၃ စသဖြင့် နာမည်များပေးကာ တင်ထားတဲ့အခါ Google က နားလည်မှာ မဟုတ်ပါဘူး။ ဥပမာ Pyinmana နဲ့ ပတ်သက်တဲ့ ပုံများကိုတင်ပါက Pyinmana ဆိုတဲ့ အမည်ပေးကာတင်မှ ပုံရှာသူများ Pyinmana ကို ရိုက်ထည့်ရင် ထွက်လာမှာဖြစ်ပါတယ်။

ပုံတွေကို အချိန်ကာလအလိုက်ရှာလို့ရတဲ့အတွက် အငြင်းပွားဖွယ်ရာ အခြေ အနေတွေမှာ ပုံတွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ အွန်လိုင်းမှာ လူ တစ်ယောက်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပုံကို တင်ပြီး ယခုဖြစ်နေသလိုလိုရေးတဲ့အခါမျိုးတွေမှာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

<Google Trends>
<google.com/trends>
Google trends ကတော့ စာရေးသူတွေအနေနဲ့ ဆောင်းပါးတွေ ရေးတဲ့အခါ လူတွေက ဘာတွေစိတ်ဝင်စားနေလဲ၊ ဘာတွေစဉ်းစားနေလဲ၊ ဘာတွေက hot ဖြစ်နေလဲ၊ ဘာတွေက popular ဖြစ်နေလဲ စသော trend တွေကိုသိရှိဖို့ trend မှာ ရှာဖွေနိုင်ပါတယ်။ တည်နေရာအလိုက်၊ အချိန်ကာလ အတိုင်း အတာ အလိုက် နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ ဥပမာ လတ်တလော iPhone 6 က ဘယ်နိုင်ငံတွေမှာ စိတ်ဝင်စားမှုမြင့်တက်နေသလဲ စတာတွေကို နှိုင်းယှဉ် ကြည့်ရှုနိုင်ပါတယ်။အလားတူပဲ နိုင်ငံအလိုက်ရှာဖွေရာမှာ ဘယ်နိုင်ငံမှာ ဘယ်အကြောင်း အရာကို ဘယ်အချိန်တွေမှာ စိတ်ဝင်စားမှု မြင့်တက်နေ သလဲဆိုတာကို သိနိုင်မှာပါ။ ဥပမာ-ကျွန်တော်တို့ နိုင်ငံအနေနဲ့ ၂၀၀၈ တုန်း က နာဂစ် စာလုံးကို ရှာဖွေမှုမြင့်တက်နေ မယ်ဆိုတာ သိနိုင်ပါတယ်။ စာရေးသူအနေဖြင့် Cyclone ဆိုတဲ့ စာလုံးကို Brazil, Japan, UK နဲ့ Philippines နိုင်ငံလေးနိုင်ငံကို ၂၀၀၄ ခုနှစ်ကစတင်ပြီး ယနေ့အချိန်အထိ ရှာဖွေမှု trend ကို ရှာဖွေကြည့်ရာ မတူညီသော အရောင်မျဉ်းလိုင်းများဖြင့် ဖော်ပြ ထားသည့် Line Graph တစ်ခုကိုတွေ့ရပါတယ်။ အစိမ်းရောင်က ဖိလစ်ပိုင်ဖြစ်ပါတယ်။ အပြာရောင်က Brazil ဖြစ်ပါတယ်။ အဆိုပါနိုင်ငံများရဲ့ အညွှန်းက အချိန်တစ်ခုမှာ Spike အမြင့်ဆုံးတက်တက်သွားပါတယ်။ အဲဒီ အချိန်မှာသေချာတာက သူတို့ Cyclone ဖြစ်နေတယ်ဆိုတာကို သိနိုင်ပါ တယ်။ ထို့ပြင် အချိန်ကာလအလိုက် ဘယ်အချိန်တွေမှာ Cyclone လာလေ့ ရှိသလဲဆိုတာ ကို ဒီ Spike တက်သွားတာတွေကိုကြည့်ကြည့်ပြီး သုံးသပ် နိုင်မှာဖြစ်ပါတယ်။

<Google Public Data>
<http://www.google.com/publicdata/directory>
“ဘယ်လိုမျိုးအလုပ်အကိုင်တွေက ကျွန်တော်တို့နိုင်ငံမှာ လစာ အမြင့်ဆုံးပါလဲ?”
“ကျွန်တော်တို့ရဲ့ ကလေးတွေကို ဘယ်လိုမျိုးကျောင်းတွေပို့သင့် ပါသလဲ?”
“လူဦးရေနဲ့ အလုပ်လက်မဲ့ နှုန်းထားပြောင်းလဲလာခြင်းက ကျွန်တော်တို့လူ့အဖွဲ့အစည်းကို ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါသလဲ?”ကမ္ဘာတစ်လွှား မှာရှိတဲ့ data အချက်အလက်တွေကို google က စနစ်တကျစုစည်းပေးထားပါတယ်။ ယင်းအချက် အလက်များကို နားလည်မှု လွယ်ကူစေရန် Google Public Data မှာ စာရင်းဇယားများ၊ သရုပ်ဖော်ပုံများနဲ့ Visualize လုပ်ပေးထားပါ တယ်။ စာရင်းဇယား charts များနဲ့ မြေပုံများက အချိန်နဲ့အမျှပြောင်းလဲ နေမှုတွေကို animation များဖြင့် ကြည့်ရှုနိုင်သည့် အတွက် လွယ်လင့်တကူ နားလည်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ကျောင်းသားတွေ၊ ဂျာနယ်လစ်တွေ၊ policy makers တွေနဲ့ အခြားသူများက ဒီ tools တွေကိုသုံးပြီး public data တွေကို visualize လုပ်နိုင်ကာ ယင်းတို့ကို link ပေးပြီး ရည်ညွှန်းနိုင်သလို၊ ကိုယ့်ရဲ့ webpages တွေထဲမှာလည်း ထည့်သွင်းဖော်ပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ webpages တွေထဲမှာ charts တွေနဲ့ links တွေကို embedded လုပ်ထားတဲ့အခါ နောက်ဆုံးရနိုင်သော၊ နောက်ဆုံးဖြစ်နေသော အချက်အလက်များက အလိုအလျောက် update ဖြစ်နေမှာဖြစ်ပါတယ်။

ဒီ Public Data Explorer ကိုတော့ Google က ၂၀၁၀ မတ်လပိုင်းက စတင် launch လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမှာ ရနိုင်တဲ့ data အချက်အလက်တွေကို World Bank Group, eurostat, OECD, International Monetary Fund ,US Department of Commerce စတဲ့အဖွဲ့အစည်းကြီးတွေက ထောက်ပံ့ ပေးထားတာဖြစ်ပါတယ်။စာတတ်မြောက်မှုနှုန်း၊ နိုင်ငံများအလိုက် လူ့သက်တမ်း၊ ရာဇ၀တ်မှုဖြစ်ပွားမှုနှုန်း စသဖြင့် အချက်အလက်များအား နှိုင်းယှဉ်စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးပို့ချင်တယ်ဆိုရင်လည် My Datasets ကိုနှိပ်ပြီး Google account နဲ့ sign in ၀င်ကာ DSPL နဲ့ရေးသားထားတဲ့ data အချက်အလက်တွေကို csv ဖိုင်နဲ့ Upload လုပ်နိုင်မှာဖြစ်ပါတယ်။ DSPL ကတော့ Dataset Publishing Language ပဲဖြစ်ပြီး data visualization လုပ်ဖို့ XML –based metadata format တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် Google က ယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေရဲ့ တရားဝင် data အချက်အလက်တွေကိုပဲ လက်ခံမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ဆိုရင် အစိုးရအဖွဲ့အစည်းတွေကနေ မိမိတို့ကောက်ယူထားတဲ့ အချက်အလက်တွေကို ဒီမှာတင်သင့်ပါတယ်။ ဒါမှသာလျှင် နိုင်ငံတကာ မီဒီယာများက မှန်မှန်ကန်ကန် ကိုးကားနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖော်ပြရမယ်ဆိုရင် ကျွန်တော် unemployment rate in UK နဲ့ unemployement rate in Myanmar ဆိုတဲ့ အလုပ်လက်မဲ့နှုန်းထားကို နှိုင်းယှဉ် ရှာဖွေကြည့်တော့ UK မှာက dataprovider အဖွဲ့အစည်းတွေ ကနေ data တွေကို ထောက်ပံ့ပေးထားတာရှိပေမယ့် မြန်မာပြည် အတွက် ကတော့ မရှိသေးတာကိုတွေ့ရပါတယ်။ ဒါကြောင့် မြန်မာပြည်အနေနဲ့ မှန်ကန် တိကျတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာအစိုးရအဖွဲ့တွေကနေ Google နဲ့ ပူးပေါင်းပြီး အကြောင်းအရာပေါင်းစုံနဲ့ပတ်သက်တဲ့ data အချက် အလက်တွေကို အမြဲတင်ပေးနေသင့်တယ်လို့ထင်ပါတယ်။

ဆောင်းပါးများ၊ သတင်းများအတွက် အကိုးအကားပြုဖို့နဲ့ မိမိတို့ရဲ့ လုပ်ငန်း များအတွက်အသုံးပြုနိုင်ဖို့ Public data များကို Google မှ ရယူနိုင်တာကို သိရှိပြီးဖြစ်တာမို့ မိမိတို့အနေဖြင့် ဆက်လက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Public data များနှင့်ပတ်သက်ပြီး ရှာဖွေမှုအများဆုံး keywords များကိုရှာဖွေကာ လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။Google Media Tools တွေက အများကြီး ကျန်ပါသေးတယ်။ အထက်တွင်ဖော်ပြခဲ့သော link များမှာ ဆက်လက် လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ မီဒီယာသမားများအတွက် နောက်ထပ် အသုံးတည့်မည့်အရင်းအမြစ်တစ်ခုကို ဖော်ပြလိုပါတယ်။ အဲဒါ ကတော့ Journalist Toolbox ဆိုတဲ့ site ဖြစ်ပြီး www.journalisttoolbox.org မှာလေ့လာနိုင်ပါတယ်။ မိမိတို့ လိုအပ်သော သတင်းအရင်းအမြစ်များ၊ အချက်အလက် စာရင်းဇယားများ၊ မီဒီယာဖိုင်များစသဖြင့် အကိုးအကား ပြုနိုင်မယ့် သတင်းအချက် အလက်များကို စုစည်းပေးထားပါတယ်။ သတင်း၊ ဆောင်းပါး၊ သုံးသပ်ချက်များ ရေးသားရာမှာ ပိုမိုတိုးတက်လာနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 


www.pyaephyo.com

0 comments:

Post a Comment