♪ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သော gaming laptop သစ်များကို HP မိတ်ဆက် ♫

 

အသစ်ထွက်ရှိလာသော HP ၏ Omen gaming laptop များသည် စွမ်းဆောင်ရည်ကောင်းမွန် ပြီး ပေါ့ပါးကာ ဈေးနှုန်းမှာလည်း အသင့်အတင့်ရှိသည်။

အဆိုပါ Omen laptop များကို ဇွန်လ ၁၀ ရက်တွင် ကန်ဒေါ်လာ ၈၉၉.၉၉ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။ Omen laptop ၏ မျက်နှာပြင်အရွယ်အစားမှာ ၁၅.၆ လက်မရှိပြီး 1920x1080 resolution IPS display ကို အသုံးပြုထားသည်။ Laptop ၏ အလေးချိန်မှာ ၄.၆ ပေါင်ရှိပြီး quad-core Skylake Core i7-6700HQ, RAM 8GB, Nvidia GTX 950M GPU နှင့် 1TB 7200rpm hard disk တို့ ပါဝင်သည်။

ယခုထက် ဈေးနှုန်းပိုမိုမြင့်မားသော ၁၇.၃ လက်မ Omen laptop တွင် GTX 960M, RAM 16GB နှင့် 128GB SSD တို့ ပါဝင်လာမည် ဖြစ်သည်။ Omen ထုတ်ကုန်များအားလုံးတွင် 802.11ac Wi-Fi, USB 3.0 port ၂ ခု အပြင် Ethernet နှင့် HDMI output တို့ ပါဝင်လာသည်။

ကန်ဒေါ်လာ ၁,၀၂၉.၉၉ ဖြင့်ရောင်းချမည့် Omen laptop ဗားရှင်းတွင် မျက်နှာပြင်အရွယ်အစား ၁၇.၃ လက်မ 1920x1080 resolution IPS display ပါဝင်ကာ အလေးချိန်မှာ ၆.၃ ပေါင်ရှိသည်။ ၎င်းတွင် ၁၅ လက်မ ဗားရှင်းကဲ့သို့ quad-core Skylake Core i7-6700HQ ပရိုဆက်ဆာနှင့် RAM 8GB ပါဝင်လာပြီး Nvidia GTX 960M GPU နှင့် 128GB SSD အပြင် 1TB hard disk တို့ပါဝင်လာသည်။ အခြားဗားရှင်းတွင် 512GB PCle SSD, 16GB RAM, GTX 965M GPU နှင့် 4K မျက်နှာပြင်တို့ ပါဝင်လာမည် ဖြစ်သည်။ အရွယ်ပိုမိုကြီးမားသော laptop တွင် DVD burner လည်း ပါဝင်လာမည် ဖြစ်သည်။
HP အနေဖြင့် Omen အမှတ်တံဆိပ် gaming desktop များကိုလည်း သြဂုတ်လလယ်ခန့်တွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဈေးနှုန်းကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ အဆိုပါ Omen gaming desktop တွင် Core i7-6700K, Nvidia GTX 1080 Founder Edition သို့မဟုတ် AMD Radeon R9 390X, RAM 32GB နှင့် 512GB SSD တို့ပါဝင်လာနိုင်ဖွယ်ရှိသည်။
 
ထို့အပြင် HP သည် FreeSync ထောက်ပံ့မှုပါဝင်သော ရုပ်ထွက်အရည်အသွေး 2560x1440 ရှိ ၃၂လက်မ Omen display ကိုလည်း ရောင်းချမည် ဖြစ်သည်။


Credit to ==> Internet Journal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 











www.pyaephyo.com

0 comments:

Post a Comment