♪ ၅.၇ လက်မ display နှင့် 4GB RAM ပါဝင်သည့် Galaxy C7 ကို Samsung မိတ်ဆက် ♫


Samsung သည် Galaxy C5 အပြင် Galaxy C7 ကိုလည်း တရားဝင်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းတွင် octa-core 2.0 GHz Cortex-A53 CPU နှင့် Adreno 506 GPU ပါဝင်သော Snapdragon 625 SoC နှင့် ၅.၇ လက်မ full HD display တို့ကို အသုံးပြုထားသည်။

Galaxy C7 ကို 4GB RAM ဖြင့် အသုံးပြုနိုင်ပြီး 32GB, 64GB expandable internal memory များဖြင့် ရရှိနိုင်သည်။ ကျောဘက်တွင် 16MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ ဘက်ထရီက 3,300mAh ဖြစ်ပြီး Qualcomm Quick Charge 3.0 ကို ထောက်ပံ့ပေးထားသည်။

အရွယ်အစားက ၁၅၆.၆ x ၇၇.၂ x ၆.၇ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၆၅ ဂရမ်ဖြစ်သည်။ Android 6.0.1 Marshmallow ဖြင့် အသုံးပြုနိုင်ပြီး home ခလုတ်တွင် လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားသည်။

ချိတ်ဆက်မှုအနေဖြင့် Wi-Fi 802.11 a/b/g/n/ac, 4G LTE, GPS, Bluetooth v4.2 နှင့် NFC တို့ကို ထောက်ပံ့ပေးထားပြီး rose gold အပါအဝင် အရောင်လေးရောင်ဖြင့် ရရှိနိုင်သည်။ တန်ဖိုးမှာ 32GB အတွက် ၂,၅၉၉ ယွမ် (၃၉၅ ဒေါ်လာ) ဖြစ်ပြီး 64GB အတွက် ၂,၇၉၉ ယွမ် (၄၂၅ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။ ရောင်းချမည့်အချိန်နှင့်ပတ်သက်၍ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment