♪ ၅.၇ လက်မ Stylus 2 Plus phablet ကို ထိုင်ဝမ်တွင် LG မိတ်ဆက် ♫


Stylus 2 ထက် ပိုမိုကောင်းမွန်သည့် phablet ဖြစ်သော Stylus 2 Plus ကို LG က ထိုင်ဝမ်တွင် မိတ်ဆက်ပေးခဲ့သည်။

၎င်းတွင် ၅.၇ လက်မ FullHD resolution display နှင့် Snapdragon 430 chipset ကို အသုံးပြုထားသည်။ ထို့အတွက် Stylus 2 Plus ကို octa-core 1.2GHz Cortex-A53 CPU ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ RAM က 3GB ဖြစ်ပြီး သိုလှောင်မှုပမာဏမှာ 32GB ဖြစ်သည်။ MicroSD မှတစ်ဆင့် သိုလှောင်မှုပမာဏကို 128GB အထိ တိုးမြှင့်နိုင်သည်။

ကျောဘက်တွင် 16MP ကင်မရာကို အသုံးပြုထားပြီး အရှေ့ဘက်ကင်မရာ 8MP ဖြစ်သည်။ အရွယ်အစား ၁၅၅ x ၇၉.၆ x ၇.၄ မီလီမီတာဖြစ်ပြီး အလေးချိန်မှာ ၁၄၆ ဂရမ်ဖြစ်သည်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး 4 LTE, dual-SIM slot နှင့် Android 6.0 Marshmallow တို့ဖြင့် အသုံးပြုနိုင်သည်။

LG Stylus 2 Plus ကို ဇွန်လကုန်တွင် ထိုင်ဝမ်ဒေါ်လာ ၁၀,၉၉၀ (၃၄၀ ဒေါ်လာ) ဖြင့် ရောင်းချ မည်ဖြစ်သည်။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment