♪ Windows Server 2012 Installation and Replication သင်တန်း ဖွင့်လှစ်မည် ♫


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ System & Data Replication နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေသော အိုင်တီပညာရှင်များ၊ MCPA Member များအတွက် ရည်ရွယ်၍ Windows Server 2012 Installation and Replication သင်တန်းကို ဇွန်လ ၁၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်းသိရသည်။

ခေတ်စနစ် ပြောင်းလဲမှု အခြေအနေအရ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ ဘဏ်များနှင့် နည်းပညာနယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်နေကြသူများ၊ Microsoft Certificated Professional တစ်ယောက်အနေဖြင့် ရပ်တည်လိုသူများ တက်ရောက်သင်ကြားသင့်သော နည်းပညာအထောက်အကူပြု သင်တန်းဖြစ်ကြောင်း သိရသည်။

သင်တန်း၌ Real Server များပေါ်တွင် လက်တွေ့ သရုပ်ပြသင်ကြားပြီး တွဲဖက် လိုအပ်သော RAID Controller Installation and Utility Setup from Management CD/Life Cycle နှင့် အခြား Add on Feature များကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသားအရေအတွက် ကန့်သတ်ထားပြီး MCPA Member ဖြစ်ပါက ၂၀ ရာခိုင်နှုန်း ခံစားခွင့်ပေးမည် ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ဇွန်လ ၁၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းတွင် စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဖုန်း-၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်သည်။

Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment