♪ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ “Guns of Infinity”


Guns of Infinity ကိုကစားတဲ့အခါအံ့သြဆန်းကြယ်မှုတွေနဲ့ဂိမ်းထဲမှာစီးမျော နစ်ဝင်သွားတဲ့အထိ ဆွဲဆောင်နိုင်တဲ့ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ တပ်သားအဖွဲ့တွေကိုကိုယ်ပိုင် အရည်အချင်းတွေ နဲ့ခေါင်းဆောင်နေရာက နေဦးဆောင်အုပ်ချုပ်သွားရမှာဖြစ်ပြီးဂိမ်းရဲ့ရလဒ်တွေဘယ်လိုထွက်ပေါ်လာမလဲ ဆိုတာကလည်း Player ရဲ့ရွေးချယ်မှုပြုလုပ်တဲ့အပေါ်မှာမူတည်ပါတယ်။

Guns of Infinity မှာရှာဖွေဖော်ထုတ်ရမယ့် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ unlock ပြုလုပ်ရမယ့် achievement တွေအများကြီးပါဝင်ပါတယ်။ Guns of Infinity မှာSabres of Infinity, Mecha Ace နဲ့ The Hero of Kendrickstone တို့ရဲ့စာရေးဆရာ Paul Wang ရဲ့ဇာတ်လမ်းဝတ္ထုကိုအခြေခံထားတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းသွားအမျိုးအစားဂိမ်းဖြစ်တာကြောင့် ဒီဂိမ်းတစ်ခုလုံး အသက်ဝင်အောင် Player ရဲ့မှန်ကန်တဲ့ရွေးချယ်မှုရှိ ဖို့လိုအပ်ပါတယ်။

Guns of Infinity ဂိမ်းဟာဂရပ်ဖစ်နဲ့အသံစနစ်တွေ မပါဝင်တဲ့ Text-based ကိုပဲဖန်တီးရေးဆွဲထား တာတွေ့ရပါတယ်။ တိုက်ပွဲ ခင်းကျင်းဖို့ မြင်းတပ်ဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက် အနေနဲ့ စစ်ပွဲ မှာအနိုင်ရဖို့သေနတ်လက်နက်အပြင်မှော်အစွမ်းတွေပါအသုံးချတိုက်ခိုက်ရတာတွေရှိပါတယ်။ Guns of Infinity ဂိမ်းထဲမှာပါဝင်တဲ့ဇာတ်ကောင် တွေ ဟာ Sabres of Infinity ထဲကဇာတ်ကောင်တွေနဲ့ အတူတူပဲဖြစ်တာမို့ Sabres of Infinity ဂိမ်းကို ပြန်ကစားနေရသလိုခံစားနိုင်ပါတယ်။

ဂိမ်းမစခင် မှာ Pre-mode Character တွေကိုအရင်ဆုံးရွေးချယ်နိုင်ပြီးကိုယ်ပိုင် ဆုံးဖြတ်ချက် ခိုင်မာရင်အကောင်းဆုံးရွေးချယ်မှုလုပ်တဲ့အခါတိုက်ပွဲမှာ အနိုင်ရရှိဖို့ သေချာ သွားပါလိမ့်မယ်။ Guns of Infinity ရဲ့အဓိကဇာတ်ကောင်နေရာမှာ ပါဝင် ကစားပြီးရန်သူတပ်ဖွဲ့တွေကိုအင်အားသုံးဖြိုခွဲပစ်ရမှာပါ။ Guns of Infinity ဂိမ်းကို Android 2.3 နဲ့အထက်ရှိရင်ကစားနိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 


Google Play Links For Info

Download


www.pyaephyo.com

0 comments:

Post a Comment