LG က G Flex 3 ကိုစက်တင်ဘာလမှာကျင်းပမယ့် IFA ပွဲမှာမိတ်ဆက်မယ်လို့
သတင်းများထွက်ပေါ်နေပါတယ်။ မျက်နှာပြင်ကွေး LG G Flex 3 ဟာယခင်နှစ်
ဇန်န၀ါရီလမှာ မိတ်ဆက်ခဲ့တဲ့ G Flex 2 ရဲမျိုးဆက်သစ်လည်း ဖြစ်ပါတယ်။ G Flex 3
မှာ G Flex 2 မှာလို ခြစ်ရာများကိုအလိုလိုကုစားနိုင်တဲ့ စွမ်းရည် အပြင်
G5 လိုအစိတ်အပိုင်းများကို ဖြုတ်၊ တပ်နိုင်တဲ့ စွမ်းရည်လည်းပါလာမှာပါ။
ထွက်ပေါ်နေတဲ့ သတင်းများအရ G Flex 3 မှာ ၅.၅ လက်မ QHD Curved Display , Qualcomm Snapdragon 820 CPU , 4GB RAM , 32 or 64GB Storage များတပ်ဆင်ထားပါတယ်။ microSD Card Slot လည်းပါပါတယ်။
16MP Rear Camera, 8MP Front Camera ၂ လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထွက်ပေါ်နေတဲ့ သတင်းများကနည်းပါးပါသေးတယ်။

Credit to ==> Myanmar Digital Life Journal
www.pyaephyo.com
1 comments:
Thank
Post a Comment