♪ ဈေးနှုန်းသင့်တင့်ပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ “Gionee Marathon M5 mini” ♫


တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်များထဲတွင် နာမည်ကျော်ကြားသော Gionee သည်လည်း ပရိသတ်အင်အားများစွာရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း လည်း ဖုန်းအသစ်များကို ထုတ်လုပ်၍ မိတ်ဆက်ပွဲများအား ခမ်းနားစွာ ကျင်းပပြုလုပ်ပါတယ်။ အရည်အသွေးမြင့်မား၍ တန်ဖိုးကြီးမားသော ဖုန်းများကိုထုတ်လုပ်ထားပေမယ့် အချို့သောဖုန်းများကို ပြည်တွင်း ဈေးကွက် သို့ တင်သွင်းခြင်းမပြုပါဘူး။

Gionee ရဲ့ ထိပ်တန်း အဆင့်ဖုန်း ဖြစ်သော Marathon M5 ကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူရရှိနိုင်ပါတယ်။ Gionee ဟာ M5 Mini ကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါသေးတယ်။ Gionee ရဲ့ဖုန်းများတွင် ထင်သာမြင်သာစေတဲ့ စွမ်းရည်ကတော့ ဘက်ထရီ အမျိုး အစားပါ။ M5 ဖုန်းတွင် စွမ်းအားမြင့်မားသည့် ဘက်ထရီကို Gionee မှ ထည့်သွင်းပေးထားပါတယ်။ Li-Po 6020 mAh ဘက်ထရီဟာ အသင့် အနေအထားတွင် ၅၅၇ နာရီနီးပါးနှင့် စကားပြောဆိုခြင်းအတွက် ၂၈ နာရီနီး ပါး ခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

M5 Mini ရဲ့ ဘက်ထရီအမျိုးအစားကတော့ Li-Po 4000 mAh ဖြစ်ပါတယ်။ 3G Network တွင် စကားပြောဆိုဖို့ ၁၈ နာရီနီးပါး ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ M5 Mini ရဲ့ အရွယ်အစားပမာဏကတော့ 143.5 × 71 × 9.6 mm ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သည့် ဖုန်းအမျိုးအစားဖြစ်ကာ Micro Sim ကို ထည့်သွင်းအသုံးပြုရပါမယ်။ IPS LCD Capacitive Touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။

မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။ Multitouch စနစ်တွင် Amigo 3.1 ကို သုံးစွဲနိုင်ပါမယ်။ အဓိက ကင်မရာသည် 8MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည် ရှိပါတယ်။ RAM ပမာဏကို 2GB ထည့်သွင်းပေးထားပါတယ်။

<Specification>

Network - GSM/ WCDMA
Memory - ROM 16GB
Bluetooth - v 4.0
Screen - 5 inches
OS - Android OS, v5.1
CPU - Quadcore 1.3 GHz
Contact - 09-31389999

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment