♪ 6GB RAM, Snapdragon 820 ချစ်ပ်နှင့် 2K screen ပါဝင်သည့် ZTE Axon 7 ♫


စွမ်းဆောင်ရည်မြင့်မားပြီး ၄၅၀ ဒေါ်လာဖြင့်ရောင်းချမည့် Axon 7 စမတ်ဖုန်းကို ZTE က မိတ်ဆက်ပေးခဲ့သည်။

Axon 7 ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ကွေးထားသည့် အနားစွန်းများကြောင့် လက်ထဲတွင်ကိုင်ဆောင်ထားသည့်အခါ သက်သောင့်သက်သာရှိစေမည်ဖြစ်သည်။

၎င်းတွင် QHD resolution ၅.၅ လက်မ AMOLED screen ကို အသုံးပြုထားပြီး အရှေ့ဘက်တွင် ပါဝင်သည့် စတီရီယိုစပီကာများက ပြိုင်ဘက် HTC ၏ BoomSound စပီကာများနှင့် ယှဉ်ပြိုင်နိုင်သည်။ ZTE သည် Axon 7 နှင့်အတူ VR headset တစ်ခုကိုလည်း မိတ်ဆက်ပေးခဲ့သည်။

ကင်မရာအပိုင်းတွင် ကျောဘက်၌ built in OIS (optical image stabilization) ပါဝင်သည့် 20MP ကင်မရာကို အသုံးပြုထားပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။


2.2GHz Snapdragon 820 ချစ်ပ်ကို အသုံးပြုထားပြီး 4GB RAM, 64GB storage ဖြင့် ရရှိနိုင်သည်။ သိုလှောင်မှုပမာဏကို MicroSD card မှတစ်ဆင့် 128GB အထိ တိုးမြှင့်နိုင်သည်။ ကျောဘက်တွင်မူ လက်ဗွေဖတ်စနစ်တစ်ခု ပါဝင်သည်။

Axon 7 ကို 6GB RAM/128GB storage နှင့် iPhone 6s/6s Plus တွင် ပါဝင်သော 3D Touch ကဲ့သို့ အသုံးပြုနိုင်မည့် pressure-sensitive touchscreen ဖြင့်လည်း ရရှိနိုင်သည်။ အဆိုပါဗားရှင်းအတွက် ၆၄၀ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။


Axon 7 ကို ဈေးကွက်ထဲ၌ ဖြန့်ချိရောင်းချမည့်အချိန်နှင့် ပတ်သက်၍ အတိအကျမသိရှိရသေးသော်လည်း ၎င်းကို ZTE အွန်လိုင်းစတိုးအပြင် Amazon, Best Buy, B&H, eBay နှင့် Newegg တို့မှတစ်ဆင့် အခမဲ့ ၂ နှစ် အာမခံဖြင့် ရောင်းချမည်ဟု သိရသည်။


Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment