♪ “မင်မိုရီစတစ်နဲ့လုံလုံခြုံခြုံ” ♫


ကွန်ပျူတာ၊တက်ဘလက်၊စမတ်ဖုန်းတွေနဲ့အလုပ်လုပ်နေရသရွေ့

မင်မိုရီစတစ်တွေကအသုံးဝင်နေဦးမှာပါ။မင်မိုရီစတစ် ဈေးနှုန်းကလည်းUSB 2.0
ကိုသုံးမယ်ဆိုရင်16 GB သိုလှောင်အားရှိတဲ့စတစ်ရဲ့ဈေးဟာ
ခုနှစ်ထောင်သာသာပဲရှိလို့သုံးပျော်ပါတယ်။ကွန်ပျူတာတွေကမင်မိုရီစတစ်ကိုလုံးဝလက်ခံပေမယ့် တက်ဘလက်နဲ့စမတ်ဖုန်းတွေမှာကOTG
(On The Go) စနစ်ကိုအထောက်အကူပြုမှသာမင်မိုရီစတစ်ကိုOTG Adapter ကနေ
ထိုးစွပ်သုံးနိုင်ပါမယ်။OTG ပါရင်အခုနောက်ပိုင်းလာတဲ့Direct OTG
မင်မိုရီစတစ်တွေကိုတိုက်ရိုက်ထိုးစွပ်ပြီးလည်းသုံးနိုင်ပါမယ်။

မင်မိုရီစတစ် ကိုOTG စနစ်နဲ့စမတ်ဖုန်းတွေတက်ဘလက်တွေမှာသုံးနိုင်တာ
တော့ဟုတ်ပါရဲ့။မတော်တဆမင်မိုရီစတစ်ပျောက်သွား မယ်၊အဲဒီထဲမှာလည်းအရေးကြီးdataဖိုင်တွေပါသွားမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ။USB
အပေါက် မှာထိုးစွပ်လိုက်လို့အထဲကဖိုင်တွေအလွယ်တကူ မြင်နေရရင်သူများ အလွယ်
တကူကူးယူသွားလို့ရတာပေါ့။မင်မိုရီစတစ်ပျောက်မှမဟုတ်ဘူး။မဆိုင်သူက
ခဏတဖြုတ်ဖွင့်ကြည့်ပြီးသူလိုချင်တာကူးသွားရင်လည်းခံရနိုင်တယ်။
ဒါကြောင့်အရေးကြီးဖိုင်တွေကိုမင်မိုရီစတစ်ထဲမှာအအုပ်အဆိုင်းမရှိမထားဘဲpassword
ခံပြီးအကွယ်အကာpartition တစ်ခုအောက်မှာသုံးကြပါမယ်။

မင်မိုရီစတစ်ထဲကဖိုင်တွေလုံအောင်ကာတဲ့နည်းလမ်းနှစ်မျိုးရှိပါတယ်။ပထမနည်းလမ်းကစတစ်ထဲထည့်ပြီး သုံးလို့ရတဲ့Software
တစ်ခုခုရဲ့အကူအညီကို ယူတာပါ။အဲဒီSoftware
တွေမှာအခပေးနဲ့အခမဲ့ဆိုပြီးနှစ်မျိုးရှိပါတယ်။
အခမဲ့မှာကသုံးနိုင်တဲ့dataပမာဏအကန့်အသတ်ရှိတတ်ပြီးများသောအား ဖြင့်2.4
GBအထိပဲ ပေးပါတယ်။
ဒုတိယနည်းလမ်းကဖိုင်လုံခြုံရေးSoftware
ကိုမင်မိုရီစတစ်ထဲမှာ အသင့်
ထည့်ရောင်းပေးတဲ့မင်မိုရီစတစ်မျိုးပါ။သူကမင်မိုရီစတစ်ရဲ့Storage area
အားလုံးနီးပါးကိုလုံခြုံရေးဧရိယာအဖြစ်သတ်မှတ်ပြီးသုံးနိုင်ပါတယ်။
မြန်မာပြည်မှာSandisk နဲ့Maxell အမျိုးအစားတွေဟာဒီလိုမင်မိုရီစတစ်
အမျိုးအစားတွေဖြစ်ပါတယ်။မင်မိုရီစတစ်အမျိုးအစားအားလုံးအတွက်
သုံးနိုင်မှာကThird party software ဖြစ်ပါတယ်။မင်မိုရီစတစ်ထဲကဖိုင်
တွေကိုလုံခြုံအောင်လုပ်ပေးနိုင်တဲ့software အမျိုးမျိုးရှိပေမယ့် အကောင်း
ဆုံး encryption ပေးနိုင်တဲ့အထဲမှာVeraCrypt ပါပါတယ်။ သူက မင်မိုရီစတစ်
အတွက်သာမကဘဲhard drive တွေအတွက်ပါလုံခြုံမှု ရယူ
ပေးနိုင်ပါတယ်။ဒါကြောင့်system drive တွေကိုVeraCrypt နဲ့လုံခြုံရေး
ယူပေးနိုင်ပါတယ်။မင်မိုရီစတစ်ထဲမှာထည့်ပြီးportable version အနေနဲ့
သုံးနိုင်တယ်။ဒါကြောင့်သွားလေရာပါတဲ့private vault တစ်မျိုးလည်း ဖြစ်ပါ
တယ်။
VeraCryptကိုကြားဖူးချင်မှကြားဖူးမှာဖြစ်ပေမယ့်အရင်ကနာမည်ကြီး
TrueCrypt ကိုတော့ကြားဖူးကြပါလိမ့်မယ်။Open Source application
အနေနဲ့အရမ်းကိုလူကြိုက်များခဲ့ပြီး၂၀၁၄ခုနှစ်လောက်အထိ တောက်လျှောက် Version
တွေ မြှင့်သုံးလာခဲ့ကြပါတယ်။၂၀၁၄ နောက်ပိုင်း မှာTrueCrypt
ရပ်ဆိုင်းသွားပြီးVeraCrypt အနေနဲ့အဆင့်မြှင့်တင် လာခဲ့ပါ တယ်။TrueCrypt
အဟောင်းကိုဆက်သုံးချင်လည်းသုံးနိုင်ပါတယ်။ ဒါပေမယ့်
သူ့ရဲ့ယိုပေါက်တွေကိုsoftware ရေးသူတွေက ပြင်ဆင်မပေး
တော့ပါဘူး။ဒါကြောင့်TrueCrypt နဲ့ပတ်သက်ရင်dataအတွက် အန္တရာယ်
တချို့ရှိနိုင်ပါတယ်။VeraCryptမှာအဲဒီလိုအန္တရာယ်မျိုးမရှိတော့လို့ စိတ်ချ
လက်ချသုံးနိုင်ပါတယ်။Dataလုံခြုံမှုကိုပထမဦးစားပေးအဖြစ်သတ်မှတ်ပြီး
စဉ်ဆက်မပြတ်အဆင့်မြှင့်နေတာကြောင့်စွမ်းရည်လည်း ကောင်းပါတယ်။ True Crypt
တုန်းကရှိခဲ့တဲ့အားနည်းချက်တွေကို ပြုပြင်ပေးပြီးထားပါပြီ။
ဒါ့အပြင်VeraCrypt မှာအဆင့်တိုးတက်မြှင့်တင်မှုတွေလည်း လုပ်ပေးထား
ပါတယ်။Software ကိုwww.veracrypt.codeplex.com
ကနေdownload ချပြီးသုံးနိုင်ပါတယ်။Windows XP ကနေWindows 10
အထိသုံးနိုင်တဲ့ အပြင်Mac ရဲ့OSX
မှာလည်းသုံးနိုင်ပါတယ်။ဟုတ်ပြီဗျာ။download ချပြီး ရင်Portable private
vault အဖြစ်သုံးမယ့်မင်မိုရီစတစ်ကို ကွန်ပျူတာမှာ ထိုးစွပ်လိုက်ပါ။

ပြီးရင်စတစ်ထဲကိုVeraCrypt ဖိုင်ကိုကူးထည့်ပါ။မင်မိုရီစတစ်ပေါ်ကနေ software
ကိုrun ပါ။software ပွင့်လာပြီဆိုရင်Create Volume button
ကိုနှိပ်ပါ။VeraCrypt Volume Creation Wizard က ရွေးချယ်စရာOption
အတော်များများကို ပေးပါမယ်။အဲဒီအထဲကနေEncrypt a non-system partition /
drive ကိုရွေးပါ။ပြီးရင်next ကိုနှိပ်ပါ။Standard VeraCrypt Volume
တစ်ခုကိုဖန်တီးနိုင်သလို ဖျောက်ထားတဲ့Volume တစ်ခုကိုလည်း
ဖန်တီးနိုင်ပါမယ်။ ဖျောက်ထားတဲ့volume ထဲမှာကိုယ့်ဖိုင်တွေထည့်ပြီး
သိမ်းမယ်ဆိုရင်ကိုစပ်စုမစပ်စုတို့မမြင်နိုင်တဲ့အတွက်လုံခြုံမှုပိုပြီးအဆင့်မြင့်ပါတယ်။ဒါပေမယ့်Standard
Volume သည်ပင်လျှင်ပုံမှန်ကိစ္စအတော် များများ
အတွက်လုံခြုံမှုအားကောင်းနေပါပြီ။ကိုယ်ဖန်တီးချင်တဲ့Volume တစ်ခုကို
ရွေးပြီးရင်Next ကိုနှိပ်ပါ။နောက်တစ်ဆင့်ကတော့ကိုယ်ဖန်တီး ချင်တဲ့ Volume
ကိုဘယ် နေရာမှာထားမယ်ဆိုတာVeraCrypt ကိုပြောဖို့ ဖြစ်ပါ တယ်။Select Device
button မှာကလစ်နှိပ်ပါ။Window အသစ်တစ်ခု ပွင့်လာတဲ့အခါExplorer Window
ထဲမှာကိုယ့်မင်မိုရီစတစ်ပါမပါစစ်ပါ။drive ကို ရွေးတာမဟုတ်ဘဲdrive
ထဲကpartition ရွေးထားတာဖြစ်ကြောင်း သေချာအောင်လုပ်ပါ။ပြီးရင်OK
နှိပ်ပါ။Volume Location အောက်မှာdrive ကို ပေါင်းထည့်ပေးပါမယ်။Next
ကိုနှိပ်ပါ။Create encrypted volume and format it ဆိုတဲ့
ရွေးချယ်ပိုင်ခွင့်ကိုsoftware ကပေးပါမယ်။ဒါကိုမရွေးချင်ရင် Encrypt
partition in place ကို ရွေးနိုင်ပါတယ်။ဘာpartition မှမရှိသေးတဲ့
မင်မိုရီစတစ်သုံးမယ်ဆိုရင်Create encrypted volume ကို ရွေးရမှာဖြစ်ပြီး
အရင်ကဖန်တီးထားတဲ့volume ထဲမှာdata တွေထည့်ချင်တာဆိုရင်Encrypt partition
ကို ရွေးရပါမယ်။
NTFS စနစ်နဲ့Format ချထားတဲ့drive တွေမှာပဲencrypt
in place option ကိုသုံးနိုင်ပါမယ်။Data
တွေထည့်ပြီးရင်ကိုယ်သုံးချင်တဲ့encryption စနစ်ကို
ရွေးပေးရပါမယ်။Encryption algorithm ရှစ်မျိုးရွေးချယ်ခွင့်ရှိပြီးdefault
သုံးတဲ့AES က ကောင်းကောင်းကြီးလုံလောက်ပါတယ်။Encryption စနစ် တစ်ခုကို
ရွေးချယ်ပြီးရင်Test လုပ်ကြည့်ဖို့ခွင့်ပြုပါတယ်။ပြီးရင်ရမည့် Benchmark
ကိုလည်းကြည့်နိုင်ပါမယ်။ကိုယ်ရွေးတဲ့Encryption အကြောင်း
အသေအချာမသိဘူးဆိုရင်အဲဒီခလုတ်တွေကိုမနှိပ်တာ ကောင်းပါတယ်။
ကိုယ့်ရဲ့password ကိုပုံပြောင်းပြီး ဖော်ပြပေးမဲ့Hash Algorithm ကိုလည်း
ပြောင်းနိုင်ပါတယ်။ဒါပေမယ့်default အတိုင်းထားတာက ကောင်းပါတယ်။

ပြီးရင်ကိုယ်သတ်မှတ်မယ့်volume size ကိုရွေးပြီးNext ကိုနှိပ်ပါမယ်။
Password နှစ်ခါဖြည့်ပါမယ်။Password မှာစာလုံး၊ဂဏန်း၊သင်္ကေတ စုံအောင်
ထည့်သင့်ပါတယ်။Display password ရွေးရင်Password ကို
မြင်နေရပါမယ်။ပြီးရင်4GBထက်ပိုကြီးတဲ့ဖိုင်တွေကိုသိမ်းမလားဆိုတာ
မေးပါမယ်။ကိုယ်ရွေးတဲ့ဖိုင် အရွယ်အစားပေါ်မူတည်ပြီးFile system ကို Veracrypt
ကရွေးပေးပါမယ်။ နောက်တစ်ဆင့်မှာfile system နဲ့Cluster size
ကိုပြပေးပါမယ်။Quick format the drive ကိုလည်း ရွေးနိုင်ပါတယ်။

ပြီးသွားရင်Application Window ပေါ်မှာmouse pointer ကိုနှစ်မိနစ်
သုံးမိနစ်လောက် ရွှေ့ပေးနေရပါမယ်။Random encryption key ကို ဖန်တီးနိုင်ဖို့
ဖြစ်ပါတယ်။အဲဒီနောက်မှာFormat ကိုကလစ်နှိပ်ပါမယ်။ သူက
ဖိုင်တွေသိမ်းမယ့်Volume ကိုဖန်တီးပေးပါမယ်။ဒါကအချိန်တစ်ခုယူပါတယ်။
ဘယ်လောက်ကြာမယ်ဆိုတာ ပြပေးထားပါမယ်။ဖိုင်တွေစထည့်ဖို့ ဒါမှ မဟုတ်volume
ထဲကဖိုင်တွေကြည့်ဖို့Wizard ထဲကထွက်ပါ။Select device
မှာကလစ်နှိပ်ပါ။ကိုယ်ရွေးမယ့်drive ကိုပြပေးပါ။ပြီးရင်Mouse ကို ကလစ်
နှိပ်ပါ။Password ထည့်ပေးပါ။Drive list ထဲမှာကိုယ်ရွေးတဲ့volume ပေါ်လာ
ပြီဆိုရင်သူ့ကိုကလစ်နှိပ်ပြီးWindow Explorer ထဲမှာကြည့်နိုင်ပါပြီ။


နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 











www.pyaephyo.com

0 comments:

Post a Comment