♪ ဈေးသက်သာသည့် 2-in-1 notebook နှစ်မျိုးကို Acer မိတ်ဆက် ♫


လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် Computex Taipei ပွဲမတိုင်မီ Acer က ဈေးသက်သာသည့် 2-in-1 notebook နှစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။

Switch V 10 နှင့် Switch One 10 နှစ်မျိုးစလုံးတွင် ဖြုတ်နိုင်တပ်နိုင်သော ၁၀ လက်မအရွယ် IPS display များနှင့် quad-core Intel Atom ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ၎င်း notebook နှစ်မျိုး၏ အဓိကခြားနားချက်မှာ V 10 ကို အရောင်စုံလင်စွာရရှိနိုင်ခြင်း၊ လက်ဗွေဖတ်စနစ်ဖြင့် သုံးနိုင်ခြင်း၊ အားသွင်းရန်နှင့် အချက်အလက်ရွှေ့ပြောင်းရန်အတွက် USB-C port တစ်ခုပါဝင်ခြင်းတို့ ဖြစ်သည်။

Switch V 10 ကို အမေရိကန်တွင် တတိယသုံးလပတ်အတွင်း ၂၄၉ ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်သည်။ One 10 ကိုမူ ဇူလိုင်လတွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment