အသက် ၁၀နှစ်အရွယ် အငယ်ဆုံး Hacker ပါရမီရှင်လေး



“ပါရမီ ရှိသူများအတွက် အသက်အရွယ်ဆိုတာ ကန့်သတ်ချက်မရှိပါဘူး” ဟူသော ဆိုရိုးစကားကို သက်သေပြလိုက်တာကတော့ အသက် ၁၀ နှစ် အရွယ်သာရှိသေးသော ပါရမီရှင်လေးဘဲ ဖြစ်ပါတယ်။ ဒိ ၁၀ နှစ်သား ကလေးငယ်လေးက Instagram တွင် ရှိသော အားနည်းချက် ယိုပေါက်တစ်ခုကို တွေ့ရှိခဲ့ပါတယ် ထို့ကြောင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်း ရရှိသွားပြီ ဖြစ်ပါတယ်

လွန်ခဲ့သော့ အင်္ဂါနေ့က The Hacker News ၏ သတင်း တစ်ပုဒ်တွင် ထို ဖင်လန်နိုင်ငံသား ပါရမီရှင်လေးရဲ့ အကြောင်းကို အကျယ်တ၀ံ့ရေးသားဖော်ပြခဲ့ပါတယ်။ သူ ရှာဖွေတွေ့ရှိခဲ့တာကတော့ Instagram တွင် ဓာတ်ပုံများကို Sharing လုပ်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခုတွင် အားနည်းချက် ယိုပေါက်များ ဖြစ်နေခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

၁၀ နှစ်သားကလေးငယ် ပါရမီရှင်လေး ဂျာနီသည် သူ့ရှာဖွေတွေ့ရှိချက်ကို ချက်ချင်း Istagram သို့ပေးပို့ခဲ့ပါတယ်။ သူ့ရှာဖွေတွေ့ရှိချက်တွင် Malicious Code ကို အသုံးပြုပြီး အခြားသော Istagram User များ၏ Comments များကို ဖယ်ရှားနိုင်ပါတယ်။ “ဘယ်သူ့ရဲ့ Istagram အကောင့်ထဲက Comments ကို ဘဲဖြစ်ဖြစ် ကျွှန်တော်ဖယ်ထုတ်နိုင်ပါတယ်” လို့ ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

Jani ဆိုသောအမည်ကို သူ့မိဘတွေ ပေးထားသော နာမည်လေးပါ။ သူကတော့ အသက် ၈ နှစ် ကတည်းက Coding နဲ့ Video Game တွေကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ Hacking နှင့် Programming Video တွေကိုလည်း Youtube မှတဆင့် လေ့လာနေဆဲပါလို့ Finnish Media ကိုပြောကြားခဲ့ပါတယ်။ ပြီးတော့ သူ့အိမ်မက်က Security ပိုင်းကို ကျွမ်းကျင်နိုင်တဲ့သူ ဖြစ်ရမယ်လို့လည်း ပြောကြားခဲ့တယ်။ Security ကအရမ်းကို အရေးကြီးတဲ့ အတွက်ပါ။

ပါရမီရှင် ဖန်လန်နိုင်ငံသားလေး ဂျာနီကတော့ Istagram ၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်သောင်း ဆုကြေးငွေကို ဆွတ်ခူးရရှိသွားပါပြီ။

 
25-5-2016
 
တင်ဆက်သူ - ပိုင်လင် (MEHN Team)



0 comments:

Post a Comment