♪ အသစ်ထွက်မည့် Samsung phablet ကို Galaxy Note 7 ဟု ခေါ်ဆိုဖွယ်ရှိ ♫


တောင်ကိုရီးယားမှ ထွက်ပေါ်လာသော သတင်းတစ်ရပ်အရ Samsung ၏ မျိုးဆက်သစ် phablet ကို အများမျှော်လင့်ထားသလို Galaxy Note 6 ဟုခေါ်ဆိုမည် မဟုတ်ဘဲ Galaxy Note 7 ဟုသာ ခေါ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ နံပါတ် ၆ ကို ကျော်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ Samsung က ၎င်း၏နာမည်ကျော်ထုတ်ကုန်အားလုံးကို တူညီသည့်နှစ်တွင် တူညီသည့်နံပါတ်ဖြင့် ဖြန့်ချိ လိုခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။ ထို့အတွက်ကြောင့် ၂၀၁၆ ခုနှစ်တွင် S7, S7 edge နှင့် Note 7 ဟူ၍ မြင်တွေ့ရဖွယ်ရှိသည်။

ထို့အပြင် Samsung အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် iPhone 7 နှင့် iPhone 7 Plus တို့ကို ဖြန့်ချိမည့် Apple နှင့် အလွယ်တကူ ပိုမိုယှဉ်ပြိုင်နိုင်ရန်အတွက်လည်း Note 7 ဟုခေါ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်ဖွယ်ရှိသည်။

ဥပမာအနေဖြင့် မိုဘိုင်းဈေးကွက်အကြောင်းကိုမသိရှိဘဲ တန်ဖိုးကြီးဖုန်းများကို ဝယ်ယူလိုသူများက Note 6 နှင့် iPhone 7 Plus တို့ကို နှိုင်းယှဉ်သည့်အခါ Note 6 ကို ခေတ်မမီသည့်ထုတ်ကုန်အဖြစ် ထင်မြင်နိုင်သောကြောင့် ဖြစ်သည်။ Samsung အနေဖြင့် Note 7 ကို သြဂုတ်လ ၂၀ ရက်မတိုင်မီ ဖြန့်ချိ သွားဖွယ်ရှိသည်။

Credit to ==> Internet Journal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment