♪ " Sony Xperia Z5 " ♫


High-end ဖုန်းတစ်လုံးလို့ သတ်မှတ်လိုက်တာနဲ့ အားလုံးမျှော်လင့်နေကြတဲ့အတိုင်း အကောင်းဆုံးအချက်တွေ အများစုပါဝင်နေမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ Sony ရဲ့ Flagship လည်းဖြစ်တဲ့ Xperia Z5 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Full HD Display, အံ့မခန်းစွမ်းဆောင်ရည်၊ 23MP ကင်မရာတို့အပြင် ရေစိုဒဏ်ခံနိုင်တဲ့ဒီဇိုင်းတို့နဲ့ ပြည့်စုံနေတာကြောင့် ၂ဝ၁၆ အတွက် အကောင်းဆုံးစမတ်ဖုန်းစာရင်းမှာ ဆက်လက်ပါဝင်နေပါတယ်။ Sony Xperia Z5 ဟာ အရင်ကထွက်ရှိနှင့်ပြီးသား Xperia Z3 နဲ့ အချက်အားလုံးနီးပါး တူညီနေပေမယ့် တန်ဖိုးအရတော့ Z5 ဟာ လက်ရှိမှာ Sony ရဲ့ ဈေးနှုန်းအမြင့်ဆုံး ဖုန်းတစ်လုံးနဲ့ နီးနီးစပ်စပ် ရှိပါတယ်။

Samsung, LG တို့လို flagships တွေရဲ့ Ultra high-definition display ကိုတော့ Sony Xperia Z5 မှာ တွေ့ရလိမ့်မှာ မဟုတ်ပါဘူး။ Xperia Z5 ရဲ့ ရှေ့မျက်နှာပြင်နဲ့ ကျောဘက်ဒီဇိုင်းအတွက် ဖန်သားကို ဆက်လက်အသုံးပြုထားပြီး Sony စမတ်ဖုန်းမှန်း မြင်တာနဲ့တန်းသိနိုင်အောင် သတ္တုဘေးဘောင်တို့နဲ့ လေးထောင့်ခပ်ကျကျ တည်ဆောက်ပေးထားပါတယ်။ Z5 ရဲ့ ကျောပြင်ဒီဇိုင်းကိုလည်း အရင်ဖုန်းတွေလို ချောမွေ့ပြောင်လက်နေအောင် ပြုလုပ်ပေးထားပြီး အထဲကိုထိုးဖောက်မမြင်နိုင်တဲ့ ဖန်သားအထူနဲ့ ဖွဲ့စည်းထားပါတယ်။

သတ္တုဘေးထောင့်တွေကိုတော့ ကွေးညွတ်ထားခြင်းမရှိဘဲ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ် ကိုင်တွယ်လို့ရအောင် ခပ်ပြားပြားလေးပဲ Z5 ကို ဖန်တီးပေးထားပါတယ်။ Z5 ရဲ့ 7.3mm အထူကြောင့် အခြားပြိုင်ဘက်စမတ်ဖုန်းတွေလို မပါးလွှာဘဲ အနည်းငယ်လိုတဲ့အထူနဲ့ အလေးချိန်ကတော့ 154 g ဖြစ်ပါတယ်။ Sony ဟာ Z5 ရဲ့ ထူးခြားချက်ကို ဖုန်းရဲ့ပါဝါခလုတ်မှာ ထည့်သွင်းထားပါတယ်။ အရင်မြင်တွေ့နေကျ Sony ရဲ့ အဝိုင်းပုံစံခလုတ်တွေကို Z5 မှာ ဖယ်ရှားခဲ့ပြီး ပြားချပ်ချပ်နဲ့ ရှည်လျားတဲ့ခလုတ်ပုံစံကို အစားထိုးတပ်ဆင်ပေးခဲ့ပါတယ်။

ခလုတ်ဒီဇိုင်းပဲ ပြောင်းလဲထားရုံသာမက ပါဝါခလုတ်ကနေ fingerprint ဆောင်ရွက်ပေးနိုင်တဲ့ function ကိုပါ ထပ်မံထည့်သွင်းပေးထားပါတယ်။ Sony ဖုန်းတွေထဲမှာ fingerprint scanner ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ် Xperia Z5 ကို တွေ့ရပြီး လွယ်လွယ်ကူကူ သက်သောင့်သက်သာ သုံးစွဲလို့ရအောင် ဖန်တီးပေးထားပါတယ်။ Z5 မှာ အရင်ထွက်ရှိပြီးသား Z series တွေအတိုင်း IP68 အဆင့်ရှိတဲ့ waterproofing feature ပါဝင်နေပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃ဝ ကြာ ရေစိုဒဏ်ခံနိုင်ရည် ရှိပါတယ်။

ရေစိုဒဏ်ခံနိုင်တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Z3 နဲ့ Z2 တို့လိုတော့ underwater အသုံးပြုဖို့ Z5 ကို Sony က သိပ်အားမပေးဘဲ Z5 ရဲ့ waterproofing ကို မိုးရွာထဲမှာ ဖုန်းခေါ်ဆိုဖို့နဲ့ မတော်တဆ ရေဖိတ်ကျတာမျိုး အတွက်ပဲ ဒီဇိုင်းဆင်ထားတာ ဖြစ်ပါတယ်။ Xperia Z3 ရဲ့ Display နဲ့ ထပ်တူကျတဲ့ ၅.၂ လက်မအရွယ် Display ကို Z5 မှာတွေ့ရပြီး ရုပ်ထွက်အရည်အသွေးကလည်း အတူတူပဲ ဖြစ်ပါတယ်။ Triluminos Display feature ကြောင့် အရောင်အသွေး စုံလင်ပါတယ်။ Z5 ဟာ Android OS 5.1.1 (Lollipop) on board နဲ့ ထွက်ရှိလာပြီး Google ရဲ့ latest software version ကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Z5 ရဲ့ စွမ်းဆောင်ရည်အတွက် Qualcomm Snapdragon 810 octa-core processor က မြန်နှုန်းမြင့် ဆောင်ရွက်ပေးပြီး 3GB RAM နဲ့ ပံ့ပိုးပေးထားပါတယ်။ Z5 ရဲ့လုပ်ငန်းတွေ ချောမွေ့စေအောင် အကောင်းဆုံး chip တစ်ခုဆိုတာ သေချာပေမယ့် အပူချိန်လွန်ကဲမှုကတော့ အနည်းနဲ့အများ ကြုံတွေ့နိုင်ပါတယ်။ Z3 ထက် ပိုမိုကောင်းမွန်အောင် Sony ဟာ Z5 ရဲ့ ကင်မရာကို 23MP အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ LED flash မီး ပါဝင်ပြီး HDR, Panorama တွေ ရိုက်ကူးနိုင်ပါတယ်။

4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာဟာလည်း Z3 ရဲ့ 2.2MP ထက် အရည်အသွေးမြင့်မားလာတဲ့ 5.1MP ဖြစ်ပါတယ်။ ဖုန်း တွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး လိုအပ်ခဲ့ရင် microSD နဲ့ 200GB အထိ တိုးသုံးနိုင်ပါတယ်။ NFC, Wi-Fi, Bluetooth စတဲ့ ချိတ်ဆက်မှုတွေ ပါဝင်ပြီး Dual-SIM အမျိုးအစား ဖြစ်ပါတယ်။

" Design "
Z5 ရဲ့ဒီဇိုင်းလို သေတ္တာတစ်လုံး လေးထောင့်ပုံစံနဲ့ ထွက်ရှိလာပြီး ခမ်းနားတဲ့အပြင်အဆင်နဲ့ သတ္တုဘေးဘောင်တို့ကို ပေးစွမ်းနိုင်တာကြောင့်ဖန်သားပြင်ကျောဘက်ဟာ ချောမွေ့ပြောင်လက်နေပါတယ်။ Z series ဖုန်းတွေ ဒီဇိုင်းအတိုင်း ကွာခြားချက် ကြီးကြီးမားမားမတွေ့ရဘဲ ညာဘက်ဘေးက ပါဝါခလုတ်ရဲ့ ထားသိုမှုတော့ ပြောင်းလဲသွားပါတယ်။

" Processor "
Sony Xperia Z5 မှာ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Snapdragon 810 octa-core processor ကို အသုံးပြုထားပြီး RAM 3GB နဲ့ပါ တွဲဖက်ထားပါတယ်။ ဂိမ်းကောင်းကောင်းတွေ ကစားနိုင်အောင်လို့လည်း ဂရပ်ဖစ် Adreno 430 GPU ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

" Display and Camera "
၅.၂ လက်မအရွယ်အစားရှိပြီး IPS LCD Display အမျိုးအစား 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ ကျောဘက်မှာ ပင်မကင်မရာဟာ 23MP အရည်အသွေးရှိပြီး LED flash ကိုပါ သုံးနိုင်ပါတယ်။ 4K ဗီဒီယို ရိုက်ကူးနိုင်ပြီး 5.1MP ကင်မရာကို selfie အတွက် ရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

" Verdict "
Sony Xperia Z5 ဟာ လက်ရှိမှာလည်း Sony ရဲ့ အကောင်းဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Z3 အတိုင်း ဒီဇိုင်း၊ Display, Processor တို့ မပြောင်းလဲပေမယ့် ကင်မရာစွမ်းဆောင်ရည် ပိုမိုအားကောင်းလာတာကြောင့် ဈေးနှုန်းလည်း Z3 ထက် ပိုမြင့်မားလို့လာပါတယ်။

" Battery Life "
Z3 ရဲ့ 3100mAh ဘက်ထရီထက် အနည်းငယ်လျော့နည်းတဲ့ 2900mAh ဘက်ထရီနဲ့ Z5 မှာ တပ်ဆင်ထားပြီး အားသွင်းချိန် မြန်ဆန်အောင် Quick charge 2.0 သုံးထားပါတယ်။ Li-Ion 2900mAh ဘက်ထရီဟာ ဖြုတ်/တပ်လို့မရဘဲ မိနစ် ၃ဝ အားသွင်းရုံနဲ့ ၆ဝ% အားပြန်ပြည့်နိုင်ပါတယ်။

Specification
» Network : GSM/HSPA/LTE (Nano-SIM)
» Weight : 154 g
» Display : 5.2", IPS LCD capacitive touchscreen
» Dimensions : 5.75 x 2.83 x 0.29 inch
» Memory : 32GB, 3GB RAM, microSD, up to 200GB
» Camera : 23 Megapixel, Front : 5.1
Megapixel, phase detection autofocus, LED
flash, Geo-tagging, face detection,
panorama, HDR
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8994
Snapdragon 810
GPU : Adreno 430
» OS : Android OS, v5.1.1 (Lollipop), upgrade to v6.0 » Protection : Scratch-resistant glass, Trilluminos display
Price » 709,000 Ks
Contact Phone » 01-400771 ( TMW Enterprise Limited )
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment