♪ 5,000mAh ဘက်ထရီပါဝင်သော Acer Liquid Zest Plus စမတ်ဖုန်းကို ဇူလိုင်လတွင် ရောင်းချမည် ♫


ပြီးခဲ့သည့်လက Acer မှ တရားဝင်မိတ်ဆက်ပေးခဲ့သော Liquid Zest Plus စမတ်ဖုန်းကို ဇူလိုင်လတွင် ရောင်းချမည်ဟု သိရသည်။ အဆိုပါ စမတ်ဖုန်းကို အမေရိကန်တွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။

Liquid Zest Plus တွင် quad-core 1.3GHz Cortex-A53 CPU နှင့် Mali-T720 GPU တို့ပါဝင်သော MediaTek ၏ MT6735 chipset ကို အသုံးပြုထားသည်။ ၅.၅ လက်မ HD display ဖြင့် အသုံးပြုနိုင်ပြီး 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏ ထောက်ပံ့ပေးထားသည်။ သိုလှောင်မှုပမာဏကို microSD card မှတစ်ဆင့် တိုးမြှင့်နိုင်သည်။ ဘက်ထရီက 5,000mAh ဖြစ်သည်။

ကျောဘက်ကင်မရာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာမှာ 5MP ဖြစ်သည်။ ၎င်းစမတ်ဖုန်းကို Android 6.0 ဖြင့် အသုံးပြုနိုင်သည်။

Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment