♪ ဆုငွေ ၂ သန်း ရရှိသူကို ဇွန် လ ၂ ရက်နေ့ နောက်ပိုင်း MPT က ကြေညာပေးမည် ♫


MPT သည် သုံးစွဲသူ သန်း ၂၀ အထိမ်းအမှတ်အဖြစ် ငွေဖြည့်ကတ် ၂ သန်းဖိုးအထိ ကံစမ်းမဲ ဖောက်ပေးခြင်း အစီအစဉ်ကို စတင်နေပြီး ကံစမ်းမဲပေါက်သူများကို ဇွန်လ ၂ ရက်နေ့ နောက်ပိုင်း ပြန်လည် အကြောင်းကြားပေးသွားမည်ဟု သိရသည်။

"ငွေဖြည့်ကတ် ၂ သန်းဖိုးကို အယောက် ၂၀ မဲဖောက်ပေးမှာပါ။ အဲဒီငွေတွေကို အခြားဆင်းမ်ကတ်ဆီ လွှဲပေးလို့မရပါဘူး။ ကိုယ်တိုင်အင်တာနက်သုံးတာနဲ့ ဖုန်းပြောဖို့ပါပဲ။ သက်တမ်းကတော့ ၅ နှစ် အထိ ခံမှာပါ" ဟု MPT မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

အလားတူ ငွေဖြည့်ကတ် ၁ သိန်းဆု အရေအတွက် ၂၀၀ ၊ ၁ သောင်းဆု ငွေဖြည့်ကတ် ၂၀၀၀ နှင့် ၁ ထောင်ဆု ငွေဖြည့်ကတ် ၂ သိန်း တို့ကိုလည်း ကံစမ်းမဲအနေဖြင့် မဲဖောက်ပေးသွားမည်ဟု MPT က သတင်းထုတ်ပြန်ခဲ့သည်။

ဗလာမပါသော ကံစမ်းစနစ် ဖြစ်ပြီး MPT အသုံးပြုသူတိုင်း 2222 သို့ 20 ဟု ရိုက်နှိပ်၍ အခမဲ့ ကံစမ်းနိုင်ကြောင်း အနိမ့်ဆုအနေဖြင့် ၂၀၀ ကျပ်ကို ကံစမ်းခွင့်ရရှိမည်ဖြစ်ကြောင်း MPT က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment