အသက် အာမခံ သိန်း (၃၂၀) ခန့် ရရှိ နိုင်မည့် ဆင်းမ်ကတ် များ အခမဲ့ ထုတ်ယူ နိုင်



မလေးရှား နိုင်ငံ သို့ အလုပ် သွားလုပ် မည့် အလုပ် သမားများ အနေ ဖြင့် အသက် အာမခံ ကြေး သိန်း (၃၂၀) ခန့် ခံစား ခွင့် ရရှိ နိုင် မည့် ဖုန်း ဆင်းမ်ကတ် များ အခမဲ့ ထုတ်ယူ နိုင် ကြောင်း၊ ယမန် နေ့က ကျင်းပ ခဲ့ သော Tone Plus ဆင်းမ်ကတ် အရောင်း ဆိုင် ဖွင့်ပွဲ ၌ ပြည်ပ အလုပ် အကိုင် ၀န်ဆောင် မှု လုပ်ငန်း ရှင်များ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် က ပြော သည်။

နှစ်လ အတွင်း ရင်းဂစ် သုံးဆယ်ဖိုး နှစ်ခါသုံး တာနဲ့ အသက် အာမခံ အကျုံးဝင် မှာ ဖြစ်ပါတယ် ဟု ဦးမင်းလှိုင်ကပြောသည်။ အဆိုပါ ဆင်းမ်ကတ်များကို ဒဂုံမြို့သစ် (မြောက်ပိုင်း) အလုပ်သမား မှတ်ပုံတင်ရုံးရှိ ဆင်းမ်ကတ် အရောင်းဆိုင်၌ မလေးရှား ဗီဇာ ပြ၍ အခမဲ့ထုတ်ယူနိုင်ပြီး၊ အခမဲ့ပေးသည့် ဆင်းမ်ကတ် အရေ အ တွက်မှာ အကန့်အသတ် မရှိကြောင်း သိရသည်။ ထို့အပြင် ၎င်း ဆင်းမ် ကတ်များမှာ အသက် အာမခံကြေး သာ မက သတ်မှတ် ထားသော Point များ မီအောင် အသုံးပြု ပါက Air Asia လေကြောင်း လိုင်း တွင် အခမဲ့ စီး နင်းခွင့်၊ မလေးရှားနိုင်ငံ Tune Hotel တွင် အထူး လျှော့ ဈေးများ နှင့် တည်းခို ခန်း တို့ကို ပါ ရရှိမည်ဖြစ် ကြောင်း Tone Plus ၏ မြန်မာပြည်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောသည်။

အဓိက ကတော့ အလုပ်သမားတွေ မလေး လေဆိပ်ရောက်တာနဲ့ အိမ်ကိုလှမ်း အကြောင်းကြား လို့ရ မယ်။ ပြီးတော့ မိဘတွေ အနေနဲ့ ကိုယ့် သားသမီးရဲ့ ဖုန်းနံပါတ် ကိုလည်း သူတို့ မသွားခင် ကတည်းက သိနေ မယ် ဟု ၎င်း ကပြောသည်။အလုပ်သွားလုပ်မည့်သူများသာမက အလည်အပတ်သွားရောက်မည့်သူများ၊ စီးပွား ရေးလုပ်ငန်းရှင်များပါ အဆိုပါ ဆင်းမ်ကတ်ကို အခမဲ့ ထုတ် ယူ နိုင် မည်ဖြစ်သည်။ အဆိုပါ ဆင်းမ်ကတ်သည် တစ် မိနစ်လျှင် ရင်းဂစ် (၂၈) ပြားသာဖြတ်တောက်ပြီး၊ အခြား ဆင်းမ် ကတ်များမှာ ရင်းဂစ်ပြား (၄၀) ခန့် ဖြတ် တောက်ကြောင်း သိရသည်။ ထို့အပြင် ၎င်း ဆင်းမ်ကတ် အသုံး ပြုသူ အချင်းချင်း SMS ပို့ပါက အခမဲ့ဖြစ်ပြီး၊ (၁၀) ယောက် အဖွဲ့  ဖွဲ့  ပြီး၊ဖုန်းခေါ်ဆိုပါကလည်း အခမဲ့ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်း သိရသည်။


Myawady News 

0 comments:

Post a Comment