မြန်မာငွေ (၁) သိန်းခွဲခန့် ရှိမဲ့ Huawei ရဲ့ ပထမဆုံး စမတ် လက်ပတ်


Talkband B1 လို့ အမည်ပေးထားပြီး 1.4-inch အရွယ်အစားရှိ မျက်နှာပြင်ဖြင့် OLED display ကိုအသုံးပြုထားပါတယ်။ ထူးခြားမူတစ်ခုက လက်ပတ်ပုံစံကနေ ဖြုတ်ပြီး နားမှာ တပ်ဆင်နိင်တဲ့ Bluetooth ကရိယာလို့ အသုံးပြုလို့ရခြင်းဖြစ်ပါတယ်။ ဒါဟာဆိုရင် အခြား Brand တွေထက်သာလွန်တဲ့ Huawei ရဲ့ တီထွင်မူ တစ်ခုဖြစ်ပါတယ်။ Bluetooth 4.1 ထိကို ဆက်သွယ်နိင်ပြီး iOS နဲ့ Android OS နှစခုလုံးမှာ အသုံးပြုနိင်ခြင်းဟာလည်း ဆန်းသစ်မူတစ်ခု ဖြစ်ပြီး iOS ဆိုရင် 5.0 version အပါအ၀င် ဒီကနေအထက်ကိုသုံးနိင်ပြီး Android Version ဆိုရင် Android စနစ် 2.3 ကနေစကာ အထက်ကို သုံးနိင်မှာ ဖြစ်တဲ့အတွက် လူတန်းစားမျိုးစုံအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းမူနဲ့ အသေးစိတ်အချက်အလက်များ

သားရေပတ် လက်ပတ်က အရှင်ဖြစ်ပြီး နားမှာတပ်ဆင်နိင်တဲ့ Bluetooth ကရိယာကို ပြောင်းလဲတပ်ဆင်နိင်တဲ့အတွက် ပေါ့ပါးလှတဲ့ အလေးချိန်ရှိတာကိုလည်း တွေ့နိင်မှာပါ။ ဟုတ်ပါတယ်။ အလေးချိန်ဟာ Samsung Gear Fit ထက် ၁ ဂရမ်လျော့တဲ့ 26 ဂရမ် ဖြစ်ပါတယ်။ ဘတ္တရီက 90mAh သုံးထားပြီး Stand By ခံနိင်ရည် ရက်သတ္တပတ် ၂ပတ် ဖြစ်ပြီး စကားပြောချိန်ကတော့ (၇) နာရီ အကြာရရှိမှာ ဖြစ်ပါတယ်။ IP57 ရရှိထားကာ သံချေးတက်နဲ့ ရေထိခံပေမဲ့လို့ ရေချိုးခန်းထဲထိတော့ ယူဆောင်သွားနိင်မှာ မဟုတ်ပါဘူး။ ကွေးကောက်သော 1.4-inch OLED မျက်နှာပြင် ဖြစ်တဲ့အတွက် Touch Screen မဟုတ်တာကိုတော့ တွေ့ရပါတယ်။ လက်ပတ် မှာ USB port ပါဝင်ကာ အားသွင်းခြင်းကိုလွယ်ကူစွာ ပြုနိင်ပါလိမ့်မယ်။

သုံးသပ်ချက်

ဈေးနှုန်းပိုင်းမှာတော့ Samsung နဲ့ အခြား ၀တ်ဆင်နိင်သော စမတ်ကရိယာတွေထက် ချိုသာတာပြီး အသုံးပြုနိင်ခြင်းများတွင် ဖုန်းခေါ်ဆိုခြင်း၊ လက်ပတ်မှ လွယ်ကူစွာအားသွင်းနိင်ခြင်း၊ iOS နဲ့ Android နှစ်မျိုးလုံးအတွက် အဆင်ပြေမူရှိခြင်းတို့ကိုတွေ့ရပြီး

အားနည်းချက်များ

 လက်ပေါ်တွင် အချိုးသိပ်မကျခြင်း၊ မျက်နှာပြင် အရွှယ်အစားသေးငယ်ခြင်း တို့ကိုတွေ့ရပါတယ်။

Aung Heine
Smart Pro Journal


0 comments:

Post a Comment