NLD ပါတီရုံးသစ်ဆောက်ဖို့ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာမည်




NLD ပါတီရုံးသစ်ဆောက်ဖို့ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာမည်

=====================================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်း အသစ်တည်ဆောက်ဖို့အတွက် ရန်ပုံငွေရှာဖွေမယ့် ဂီတပွဲကို Iron Cross အဖွဲ့နဲ့ ရန်ကုန်မြို့မှာ ကျင်းပတော့မယ်လို့ ဆိုပါတယ်။ လက်ရှိရုံးခန်းဟာ ကျဉ်းမြောင်းပြီး သတင်းလုံခြုံမှု မရှိလို့ဖြစ်တယ်လို့ ပြောပါတယ်။

လာမယ့် မတ်လ ၂၂ရက်နေ့ကျရင် တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်မယ့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရရှိလာမယ့် ရန်ပုံငွေကို ပါတီရုံးခန်းအသစ်တည်ဆောက်ရေးအတွက် အသုံးပြုဖို့ ပါတီညီလာခံမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လက်ရှိပါတီရုံးခန်းနေရာဟာ ကျဉ်းလွန်းပြီး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို Iron Cross အဖွဲ့နဲ့အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့နဲ့အတူ ပြုလုပ်မှာဖြစ်ပြီး ရုံးခန်းတည်ဆောက်ရေးအတွက် လုံလောက်တဲ့ ရန်ပုံငွေ မရသေးရင် ထပ်ပြီး ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

 
ကမာရွတ်မီဒီယာ
 
 

0 comments:

Post a Comment